ရုရှ တားမြစ်ဆေး ကိစ္စ အားကစားဝန်ကြီးတောင်းပန်

ဓာတ်ပုံ မူပိုင် RIA Novosti
Image caption ရုရှ အားကစား ဝန်ကြီး ဗီတာလီ မက်ကို ရဲ့ စာထဲမှာ ရုရှ အနေနဲ့ အကြီးမားဆုံး အမှားအယွင်း ကို ကျူးလွန် ခဲ့

ရုရှ နိုင်ငံရဲ့ တားမြစ်ဆေး အရှုပ်တော်ပုံကြောင့် အားကစားသမားတွေ ပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင် ခံရတဲ့ အပေါ်မှာ မိမိ အနေနဲ့ တောင်းပန်ပါကြောင်း အားကစား ဝန်ကြီး က သတင်းစာ တစ်စောင်မှာ ရေးသား ဖော် ပြ လိုက်ပါတယ်။

ဗြိတိန် နိုင်ငံထုတ် ဆန်းဒေး တိုင်းစ် သတင်းစာမှာ ဖော်ပြ ခဲ့တဲ့ ရုရှ အားကစား ဝန်ကြီး ဗီတာလီ မက်ကို ရဲ့ စာထဲမှာ ရုရှ အနေနဲ့ အကြီးမားဆုံး အမှားအယွင်း ကို ကျူးလွန် ခဲ့ပြီး အဲဒီ အတွက် ရုရှ နိုင်ငံမှာ အရှက်တကွဲ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရုရှ အားကစား ဝန်ကြီးက အားကစား သမားတွေ တားမြစ်ဆေး သုံးစွဲရာမှာ နိုင်ငံ အနေနဲ့ ပါဝင် ပတ်သက်မှု မရှိဘူးလို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် က ကျင်းပ ခဲ့တဲ့ ဆိုချီ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ ရုရှ အားကစား သမားတွေကို တားမြစ်ဆေး သုံးစွဲဖို့ တာဝန်ရှိသူ တွေက ဆောင်ရွက် ခဲ့ကြောင်း တားမြစ်ဆေး ဆန့်ကျင်ရေး ဌာန အကြီးအကဲ ဟောင်း ဂရေဂိုရီ ရော့ခ်ချန်ကော့ က ပြောကြားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ