ယဉ်ကျေးမှု တော်လှန်ရေး နှစ် ၅ဝ ပြည့်

 cultural revolution ဓာတ်ပုံ မူပိုင် 1
Image caption သန်းနဲ့ချီပြီး ဖမ်းဆီး ညှဉ်းပန်းမှုတွေ ကြုံတွေ့ခဲ့

၁၉၆၆ မေ ၁၆ မှာ တရုတ်ခေါင်းဆောင် မော်စီတုန်းက အစိုးရ အာဏာကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားရာကနေ ယဉ်ကျေးမှု တော်လှန်ရေး ဖြစ်ပွားခဲ့ပါတယ်။

နှစ် ၅ဝ ပြည့်ချိန်မှာတော့ တရုတ်အစိုးရက အခမ်းအနား ဆင်ယင်ကျင်းပမှုတွေ မပြုခဲ့ပါဘူး။

တော်လှန်ရေး အစမှာ တရုတ်ပြည်သူ့ တော်လှန်ရေး အတွင်းက သန့်ရှင်းတဲ့ စိတ်ဓာတ်မျိုး ပြန်ပြီး မွေးကြဖို့၊ ယဉ်ကျေးမှု အဟောင်းအဆွေးတွေကို တိုက်ထုတ်ဖို့ မော်က လူငယ်တွေကို ဆော်ဩခဲ့ပါတယ်။

အဲဒိနောက် တနိုင်ငံလုံး ဆူပူ အုံကြွမှုတွေ ဖြစ်ပွားပြီး လူ တသန်းကျော် သေဆုံးခဲ့ရသလို သန်းနဲ့ချီပြီး ဖမ်းဆီး ညှဉ်းပန်းမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

၁၉၈၁ မှာ တရုတ်ကွန်မြူနစ်ပါတီက ယဉ်ကျေးမှုတော်လှန်ရေးကြောင့် အမှားအယွင်းတွေ အကြီးအကျယ် ရှိခဲ့ကြောင်း တရားဝင် ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ