လူဝင်မှုပြဿနာ ပိုမို ကိုင်တွယ်ရေး MI6 အကြီးအကဲဟောင်း တိုက်တွန်း

dearlove_mi6_ ဓာတ်ပုံ မူပိုင် Getty
Image caption တူရကီ နိုင်ငံသားတွေကို အီးယူထဲ ဗီဇာ မလိုပဲ ခရီးသွားခွင့် ပေးလာခဲ့တဲ့ အီးယူရဲ့ ဆုံးဖြတ်ချက်ကို ဆာရစ်ချက် ဝေဖန်။

ဥရောပတိုက် ကြုံတွေ့ နေရတဲ့ ဒုက္ခသည် ပြဿနာကို ဖြေရှင်းရာမှာ ထိရောက်နိုင်ဖို့ ဆိုရင် အာဖရိကတိုက် မြောက်ပိုင်း ကမ်းရိုးတန်း တလျှောက်မှာ အရေးယူ ဆောင်ရွက်မှုတွေ ပိုပြီး ပြင်းပြင်းထန်ထန် ပြုလုပ်ဖို့ လိုအပ်တယ် ဆိုပြီး ဗြိတိန် ထောက်လှမ်းရေး အဖွဲ့ MI6 ရဲ့ အကြီးအကဲဟောင်း ဆာရစ်ချက် ဒီးယားလပ်ဗ်က ပြောပါတယ်။

ဒါ့ကြောင့် လစ်ဗျားထဲမှာ နိုင်ငံတကာ ဆောင်ရွက်ချက်တွေ ဝင်ရောက် လုပ်ဆောင် နိုင်လောက်အောင် ပြည်တွင်း နိုင်ငံရေး အခြေအနေ တည်ငြိမ်ပြီ ဆိုတာနဲ့ တပြိုင်နက် မြောက်အာဖရိက ကမ်းရိုးတန်းကို ထိန်းချုပ်ရေး လုပ်ငန်းတွေ စတင်ရမှာ ဖြစ်တယ်လို့လည်း ဆာရစ်ချက်က ဆိုပါတယ်။

ဥရောပ သမဂ္ဂအဖွဲ့ အီးယူကနေ လက်ရှိ လုပ်ဆောင် နေတာတွေဟာ တွေဝေ တွန့်ဆုတ်နေပြီး ပြဿနာကို မဖြေရှင်းနိုင် ဖြစ်နေတယ်လို့လည်း ဘီဘီစီကို ရောက်လာတုန်း ပြောခဲ့တာတွေထဲ ဆာရစ်ချက်က ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

လူဝင်မှု ပြဿနာကိုသာ ထိန်းချုပ် ကိုင်တွယ်ဖို့ ပျက်ကွက်မယ် ဆိုရင် အီးယူ နိုင်ငံတွေမှာ လူအများ ပါဝင်တဲ့ အုံကြွမှုတွေ ဖြစ်ပေါ်လာလိမ့်မယ် ဆိုပြီးတော့လည်း သတိပေးပါတယ်။

တူရကီ ကနေတဆင့် ဂရိနိုင်ငံဆီ ဝင်ရောက်တဲ့ ရွှေ့ပြောင်းသူတွေကို ထိန်းချုပ်ရေးမှာ ပူးပေါင်း ကူညီလို့ ဆိုပြီး အပြန်အလှန် အနေနဲ့ တူရကီ နိုင်ငံသားတွေကို အီးယူထဲ ဗီဇာ မလိုပဲ ခရီးသွားခွင့် ပေးလာခဲ့တဲ့ အီးယူရဲ့ ဆုံးဖြတ်ချက်ကိုလည်း သူက ဝေဖန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ