ဖိလစ်ပိုင်အစိုးရ ကွန်မြူ နစ်တွေ ဖိတ်ခေါ်

duterte ဓာတ်ပုံ မူပိုင် Reuters
Image caption ဖိလစ်ပိုင် သမ္မတ အရွေးခံရတဲ့ ရိုထရီဂို ဒူတာတေး

ဖိလစ်ပိုင် အစိုးရ အဖွဲ့ထဲမှာ ကွန်မြူ နစ် သူပုန်တွေကိုလည်း ထည့်သွင်း ဖွဲ့စည်း သွားမယ်လို့ သမ္မတ အဖြစ် ရွေးချယ် ခံခဲ့ရတဲ့ ရိုဒရီဂို ဒူတာတေး က ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နဲ့ အလုပ်သမား ဌာန တွေ ဖွဲ့စည်းရာမှာ နိုင်ငံ အတွင်းက သက်တမ်း အရှည်ကြားဆုံး ကွန်မြူ နစ် သူပုန် အဖွဲ့ ဝင်တွေကို ဖိတ်ခေါ် ဖွဲ့စည်းမယ်လို့ မစ္စတာ ဒူတာတေး က ပြောပါတယ်။

ကွန်မြူနစ် တော်လှန်ရေး အဆုံးသတ် ဖို့ အတွက် ပြည်ပရောက် ကွန်မြူ နစ် ခေါင်းဆောင် ဟိုဆေး မာရီယာ ဆစ်ဆွန် ကို တိုင်းပြည်ကို ပြန်လည် လာရောက် ဖို့ ဖိတ်ခေါ်သွားမယ်လို့ မစ္စတာ ဒူတာတေး က ဆက်လက် ပြောကြား ခဲ့ပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ ၁၉၆၀ ကတည်းက စတင် ခဲ့တဲ့ ကွန်မြူနစ် တော်လှန်ရေး ကြောင့် လူပေါင်း သုံးသိန်း ကျော် သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ