ပြင်သစ် အလုပ်သမား ဥပဒေသစ်ကို ဆန္ဒပြ

  • 17 မေ 2016
france ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အချင်းများ

ပြင်သစ် နိုင်ငံ တဝှမ်း က မြို့ကြီးတွေမှာ အလုပ်သမား ဥပဒေသစ် ကို ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွား နေပါတယ်။ ကုန်တင်ကားမောင်း သူတွေက လမ်းတွေကို ပိတ်ထား တာကြောင့် လမ်းပေါ်မှာ ကားပိတ်ဆို့ မှုတွေလည်း ဖြစ်ပေါ် နေပါတယ်။

ရထား ပို့ဆောင်ရေး အလုပ်သမား တွေလည်း ဆန္ဒပြပွဲတွေကို ပူးပေါင်း ပါဝင် ကြမှာ ဖြစ်ပြီး ပြင်သစ် နိုင်ငံရဲ့ ပို့ဆောင်ရေး စနစ် ကို ရပ်တန့် ဖို့ အလုပ်သမား သမဂ္ဂ အဖွဲ့ ခေါင်းဆောင် တွေက ပန်ကြား နေပါတယ်။

အလုပ်သမား ဥပဒေသစ် ကို ထောက်ခံတယ်လို့ သမ္မတ ဖရန်ဆွာ အော်လန်း က ပြောကြား ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေ အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ရင်လည်း တင်းတင်းကျပ်ကျပ် အရေးယူမယ်လို့ ပြောကြား ခဲ့ပါတယ်။

ဥပဒေ သစ်ဟာ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီး ပေး နိုင်မှာ ဖြစ်ကြောင်း အစိုးရက ပြောကြား နေပြီး အလုပ်သမား သမဂ္ဂ ဘက်ကတော့ ဥပဒေ သစ်ကြောင့် အလုပ်အကိုင် လုံခြုံရေး ကို ထိခိုက်ပြီး အခွင့်အရေးတွေ ဆုံးရှုံးနိုင် တယ်လို့ ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ