ထိုင်းတောင်ပိုင်းက ကျွန်းကို ပိတ်ပစ်မယ်

  • 17 မေ 2016
Koh Tachai
Image caption ထိုင်းတောင်ပိုင်းက Koh Tachai အပန်းဖြေ ကျွန်း

ထိုင်းတောင်ပိုင်းက Koh Tachai အပန်းဖြေ ကျွန်းမှာ ခရီးသွားတွေ အလာများလွန်းလို့ သဘာဝ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိမှာ စိုးလို့ ပိတ်ဖို့ ပြင်နေပြီလို့ ထိုင်းအစိုးရက ပြောပါတယ်။

ဒီအပန်းဖြေ ကျွန်းက Similan အမျိုးသား ဥယျာဉ် ထဲမှာ တည်ရှိပါတယ်။

ထိုင်းနိုင်ငံက အဏ္ဏဝါ အမျိုးသား ဥယျာဉ် တွေကို မေလလယ်ကနေ အောက်တိုဘာလလယ် လောက်ထိ မုတ်သုန် ရာသီကြောင့်မို့ ပိတ်ထားလေ့ ရှိပါတယ်။

ဒါပေမဲ့ Tachai ကျွန်းကိုတော့ ပြန်ဖွင့်ဖို့ မရှိပါဘူး။

ဒီ အမျိုးသား ဥယျာဉ်က ပင်လယ်ထဲ ရေငုပ်သူတွေ၊ ခရီးသည်တွေနဲ့ စည်ကားလေ့ ရှိပြီး ခုထိ တချို့ နေရာတွေမှာ ရေငုပ်ခွင့် ပေးထားပါတယ်။

ဒီကျွန်းပေါ်မှာ လူ ၇ဝ လောက်သာ နေလို့ ရပေမယ့် တခါတလေ ခရီးသည် တထောင်ကျော် ရှိတတ်ကြောင်းလည်း ထိုင်း သတင်းစာတွေက ကျွမ်းကျင်သူတွေကို ကိုးကားပြီး ရေးသား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ