ဂျပန် မစ်ဆူဘီရှီ ကားကုမ္ပဏီ ဥက္ကဋ္ဌ နှုတ်ထွက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကားတွေ ကို စစ်ဆေးရင်၊ ကာဘွန် ထုတ်လွှတ်တဲ့ တကယ့် ပမာဏ ကို လျှော့ပြီး ပြသခဲ့

ဂျပန် မစ်ဆူဘီရှီ ကားကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌ ဖြစ်သူဟာ ဇွန်လမှာ ရာထူး ကနေ နှုတ်ထွက် ပေးမယ်လို့ ပြောပါတယ်။

မစ်ဆူဘီရှီ ကားတွေရဲ့ ကာဗွန် ဓါတ်ငွေ့ ထုတ်လွှတ်မှု လျော့ပြီးပြအောင် ပြောင်းလဲ မှုတွေ လုပ်ခဲ့ကြောင်း သတင်းတွေ ထွက် ခဲ့ပြီးနောက် တာဝန်ယူ တဲ့ အနေနဲ့ နှုတ်ထွက် တာဖြစ်တယ်လို့ မစ္စတာ တက်ဆူရို အီကာဝါ ကပြောပါတယ်။

နောက်ထပ် ဂျပန် ကား ကုမ္ပဏီ ဖြစ်တဲ့ ဆူဇူကီး ကား ကုမ္ပဏီ ကလည်း သူတို့ရဲ့ ကားတွေဟာ နိုင်ငံရဲ့ ထုတ်လုပ်မှု စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီ ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဆူဇူကီး နဲ့ မီဆူဘီရှီ တို့ဟာ၊ သူတို့ ထုတ်တဲ့ ကားတွေ ကို စစ်ဆေးရင်၊ ကာဘွန် ထုတ်လွှတ်တဲ့ တကယ့် ပမာဏ ကို လျှော့ပြီး ပြသအောင်၊ စီမံ ထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့ နောက်၊ ကုမ္ပဏီ အသီးသီးက ဝန်ခံတာတွေ ပြုလုပ် လာပါတယ်။

လောင်စာဆီ သုံးစွဲနှုန်းနဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို တိုင်းတာတဲ့ အခါ၊ ဆူဇူကီး ကားတွေဟာ၊ တကားနဲ့ တကား ကွဲပြားနေတဲ့ ရလာဒ်တွေ ဖြစ်နေတယ် ဆိုပြီး ဆူဇူကီး ကုမ္ပဏီက ထုတ်ဖော် ကြေညာခဲ့ပါတယ်။

မစ်ဆူဘီရှီထုတ် ကားတွေမှာလည်း ဓာတ်ငွေ့ တကယ် ထုတ်တဲ့ ပမာဏ မပေါ်လွင်အောင် စီမံ ထားခဲ့တယ် ဆိုတာကို ဝန်ခံ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ