သီရိလင်္ကာမှာ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နေ

ဓာတ်ပုံ မူပိုင် AP
Image caption လူ အနည်းဆုံး ၇၅ ယောက် ပျောက်ဆုံး နေကြာင်း သီရိလင်္ကာ စစ်တပ် တာဝန်ရှိသူတွေက ဘီဘီစီကို ပြော

သီရိလင်္ကာ နိုင်ငံမှာ မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက ရေကြီးပြီး မြေပြိုမှုတွေကြောင့် ပျောက်ဆုံးနေသူ တွေကို လိုက်လံ ရှာဖွေ နေကြပါတယ်။

ကီဂါလီ ခရိုင်မှာ မြေပြိုမှု ဖြစ်ပွားခဲ့လို့ လူ အနည်းဆုံး ၇၅ ယောက် ပျောက်ဆုံး နေကြာင်း သီရိလင်္ကာ စစ်တပ် တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

လတ်တလောမှာ သေဆုံးသူ ၁၃ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ရပြီး ကီဂါလီ ခရိုင်ရဲ့ အခြား နေရာတွေမှာလည်း နောက်ထပ် အလောင်း ၃ လောင်းလည်း ထပ်မံ တွေ့ ရှိရတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ လူဦးရေ ၁၅၀ ကျော်ကို ကယ်တင်ထားနိုင်ပြီး တော့ အိမ် အလုံးပေါင်း ၆၀ လောက် ပျက်စီး ခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့ အကြီးအကဲ က ပြောပါတယ်။

အလယ်ပိုင်း ဒေသက ရွာ ၃ ရွာ မြေပြိုတဲ့ အထဲ ပါသွားပြီး မိသားစု နှစ်ရာ ကျော် ပျောက်ဆုံး နေတယ်လို့ သီရိလင်္ကာ အခြေစိုက် ကြက်ခြေနီ အဖွဲ့ က ပြောပါတယ်။

ရေကြီးမှုတွေ ဖြစ်ပေါ် နေတဲ့ ဒေသကို သမ္မတ Maithripala Sirisena ရောက်လာပြီး အိုးအိမ်တွေ ပစ်ပြေးခဲ့ ကြရတဲ့ သိန်းကျော်ကို ကူညီစောင့်ရှောက် မယ်လို့ ကတိပေး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ