ဒေါ်နယ်ထရမ့် က ကင်ဂျုံအွန်းနဲ့ စကားပြောလို

  • 18 မေ 2016
Image caption ကင်ဂျုံအွန်း နဲ့ တွေ့ဆုံဖို့ ဘာမှ ပြဿနာ မရှိဘူးလို့ ဒေါ်နယ် ထရန့်ပ် က ပြော

အမေရိကန် ရီပတ်ဘလစ်ကန် ပါတီက သမ္မတလောင်း ဖြစ်ဖို့ ရေပန်းစားနေတဲ့ သန်းကြွယ် သူဌေးကြီး ဒေါ်နယ် ထရမ့် ဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး နျူကလီးယား အစီအစဉ် အတွက် ဆွေးနွေး လိုတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ စကားပြောချင်ကြောင်း၊ သူအနေနဲ့ ကင်ဂျုံအွန်း နဲ့ တွေ့ဆုံဖို့ ဘာမှ ပြဿနာ မရှိဘူးလို့ ဒေါ်နယ် ထရမ့် က ပြောပါတယ်။

အကယ်၍ မစ္စတာ ထရမ့် နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့သာ တွေ့ ဆုံ ဖြစ်ခဲ့ရင် မြောက်ကိုရီယား နိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် ရဲ့ မဟာဗျူဟာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။

ဒီမိုကရက်တစ် ပါတီ ရဲ့ သမ္မတလောင်း ဖြစ်ဖို့ ရေပန်းစားနေတဲ့ ဟယ်လာရီ ကလင်တန်ကတော့ မစ္စတာ ထရမ့် ရဲ့ ပြောစကားဟာ ယုတ္တိ မရှိတဲ့ ပြောကြား မှု မျိုး ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

အင်္ဂါနေ့က ရိုက်တာ သတင်း ဌာန နဲ့ အင်တာဗျူးမှာ မစ္စတာ ထရမ့် က မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံလိုကြောင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ