လက်စတာ စီးတီး ဘောသမားတွေ ဘန်ကောက်လာ

  • 19 မေ 2016
leicester bangkok ဓာတ်ပုံ မူပိုင် AFP
Image caption ပရီမီယာလိဂ် ချန်ပီယံ လက်စတာ စီးတီး ဘန်ကောက်ရောက်

အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ စီးတီး ဘောလုံးအသင်း က ဘောလုံးသမား တွေဟာ လက်စတာ စီးတီးပိုင်ရှင် ဖြစ်တဲ့ ထိုင်းလူမျိုး ဗီချာ ဆရီဗာဒါနာပရာဘတ် ရဲ့ အစီအစဉ် နဲ့ ထိုင်းနိုင်ငံကို ရောက်နေပြီး ဘန်ကောက်မြို့ မှာ အမိုးဖွင့် ဘတ်စ်ကားတွေနဲ့ မြို့တွင်းကို လှည်လည်ပြီး နှုတ်ဆက် ခဲ့ကြပါတယ်။

မနှစ် ကမှ ပရီးမီးယားလိဂ်ကို ရောက်လာပြီး အများက မမျှော်လင့် ထားတဲ့ လက်စတာစီးတီး အသင်း ဟာ ကမ္ဘာမှာ အချမ်းသာဆုံး အင်္ဂလန် ကလပ်အသင်း တချို့ကို နိုင်ပြီး ဒီနှစ် ဗိုလ်စွဲ ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဇယားမှာ အောက်ဆုံးက ရှိတဲ့ အက်စတန် ဗီလာ အသင်းကို ဒေါ်လာ သန်း ၉ဝ နီးပါး ပေး ဝယ်ထားတဲ့ တရုတ် စီးပွားရေး လုပ်ငန်းရှင်ကလည်း အသင်း အနာဂတ် ကို ပြုပြင်ဖို့ စီမံချက်တွေ ရှိတယ်လို့ ဆိုပါတယ်။

အက်စတန် ဗီလာ ပိုင်ရှင်သစ် ဖြစ်တဲ့ ရီကွန် စီးပွားရေး လုပ်ငန်း အုပ်စု ပိုင်ရှင် တိုနီ ရှားက အသင်းကို ထိပ်တန်း အသင်း ၆ သင်း စာရင်းထိ ပြန်ရောက်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ