အီဂျစ် လေယာဉ် အစိတ်အပိုင်း ရှာတွေ့

  • 20 မေ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ခရီးသည်တွေ ရဲ့ ပစ္စည်းတွေနဲ့ လေယာဉ် အစိတ်အပိုင်း အချို့ ကို တွေ့ ရှိ

မေလ ၁၉ ရက်နေ့က ပျောက်ဆုံး ခဲ့တဲ့ အီဂျစ် လေယာဉ် ရဲ့ အစိတ်အပိုင်း အချို့ကို မြေထဲပင်လယ် အရှေ့ခြမ်း ဒေသ မှာ ရှာဖွေ တွေ့ရှိခဲ့ရကြောင်း စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

မြေထဲ ပင်လယ် ထဲမှာ ပျက်ကျခဲ့တဲ့ အီဂျစ် လေကြောင်းပိုင် လေယာဉ်ကို ရှာဖွေနေ တဲ့ ဂရိ အာဏာပိုင်တွေ က လူ့ခန္ဓာကိုယ် အပိုင်းအစ တွေကို တွေ့ရှိကြောင်းလည်း ပြောပါတယ်။

လေယာဉ် ထိုင်ခုံ တွေနဲ့ ခရီးသွား သေတ္တာ တွေကို တွေ့ရှိခဲ့တဲ့ အီဂျစ် ရှာဖွေရေး အဖွဲ့ကဘဲ တွေ့ရှိ ခဲ့တာလို့ ဆိုပါတယ်။

အီဂျစ် အစိုးရ ရုပ်မြင်သံကြား ကလည်း အီဂျစ် လေကြောင်းနဲ့ ရေကြောင်း ရှာဖွေရေး အဖွဲ့တွေဟာ ခရီးသည်တွေရဲ့ ပစ္စည်း တချို့နဲ့ လေယာဉ် အပျက် အစီး အစိတ်အပိုင်း တချို့ကို အလက် ဇန်းဒရီးယားမြို့ မြောက်ဖက် ကီလိုမီတာ ၂၉၀ အကွာမှာ တွေ့ရှိခဲ့ တယ် လို့ စောစောပိုင်းမှာ ကြေညာခဲ့ ပါတယ်။

လူ ၆၆ ဦး တင်ဆောင် လာတဲ့ အီဂျစ် လေကြောင်းခရီးစဉ် MS804 လေယာဉ်ဟာ ပဲရစ်စ်မြို့ ကနေ ကိုင်ရိုကို ဦးတည် ပျံသန်း လာတုန်း ကြာသပတေးနေ့ က မြေထဲ ပင်လယ်မှာ ပျက်ကျ ခဲ့တာ ဖြစ်ပါတယ်။

အီဂျစ် ပင်လယ် ကမ်းခြေ တစ်ဝိုက်မှာ လေယာဉ်ပေါ်မှာ လိုက်ပါခဲ့သူ ခရီးသည်တွေ ရဲ့ ပစ္စည်းတွေနဲ့ လေယာဉ် အစိတ်အပိုင်း အချို့ ကို တွေ့ ရှိ ခဲ့ရကြောင်း စစ်တပ် တာဝန်ရှိသူ တွေက ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။

လေယာဉ် အစိတ်အပိုင်း အချို့ကို တွေ့ ရှိခဲ့ရပြီ ဆိုတဲ့ ထုတ်ပြန်ချက်ဟာ မမှန်ဘူးလို့ အီဂျစ် အာဏာပိုင်တွေက အစောပိုင်းမှာ ကာလမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကြာသာပတေး နေ့က ကိုင်ရိုမြို့ကနေ ပဲရစ် မြို့ကို ပျံသန်း လာတဲ့ အီဂျစ် လေယာဉ် ဟာ ပင်လယ်တွင်းကို ပျက်ကျ ခဲ့တာလို့ ယူဆနေတာ ဖြစ်ပါတယ်။ လေယာဉ် ပေါ်မှာ ခရီးသည် ၆၆ ဦး နဲ့ အတူ လေယာဉ် အမှုထမ်းတွေလည်း လိုက်ပါ ခဲ့ကြပါတယ်။

အီဂျစ် လေယာဉ်ကို အကြမ်းဖက် သမားတွေ က တိုက်ခိုက်လို့ ပျက်ကျ ခဲ့ရတာ မဟုတ်ဘဲ စက်ချို့ယွင်းမှုကြောင့် ပျက်ကျ ခဲ့ရတာ ဖြစ်နိုင်ကြောင်း အီဂျစ် အာဏာပိုင် တွေက ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ