ထိုင်ဝမ် လွတ်လပ်ရေး ကိစ္စ တရုတ် သတိပေး

  • 20 မေ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်ဝမ် သမ္မတသစ်ကို တရုတ်က သတိပေး

ထိုင်ဝမ် သမ္မတ သစ်ကို လွတ်လပ်ရေး အတွက် ဆောင်ရွက် တာတွေ မလုပ်ဖို့ တရုတ် အစိုးရက သတိပေး လိုက် ပါတယ်။

တရုတ် အနေနဲ့ သူ့နိုင်ငံရဲ့ အခွင့်အရေး ကို ကာကွယ်ဖို့ ဆုံးဖြတ် ထားကြောင်းနဲ့ အဲဒီလို လုပ်နိုင်တဲ့ အင်အားလည်း ပိုရှိလာနေ ကြောင်း ထိုင်ဝမ် သမ္မတသစ် Tsai Ing-wen တက်လာပြီး ပထမဆုံး ထုတ်ပြန် တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ထိုင်ဝမ် သမ္မတသစ် Ms Tsai က သမိုင်း အထုပ်အပိုး တွေကို ဘေးဖယ် ထားပါလို့ သူစ တာဝန်ယူချိန်မှာ တရုတ်နိုင်ငံကို ပြောခဲ့ပြီး ဆွေးနွေး ဖြေရှင်းဖို့ တောင်းဆို ခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို သူတို့ရဲ့ ခွဲထွက် ပြည်နယ် တခုအဖြစ် ရှုမြင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ