အာဖဂန် တာလီဘန်ခေါင်းဆောင်ကို သတ်ဖြတ် နိုင်ခဲ့တယ်လို့ ယူဆကြောင်း အမေရိကန်ပြော

us_drone ဓာတ်ပုံ မူပိုင် AFP
Image caption မူလာ မန်ဆူး နဲ့ နောက်ထပ် လူတစ်ဦး မောင်းနှင် လာတဲ့ မော်တော်ယာဉ်ကို ပစ်မှတ်ထားကာ ဒရုန်း ယာဉ်ပျံတွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့။

အာဖဂန် တာလီဘန် ခေါင်းဆောင် မူလာ အာ့ခ်တာ မန်ဆူးကို ပစ်မှတ် ထားပြီး လေကြောင်း တိုက်ခိုက် ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပဲန်တာဂန်က ထုတ်ဖော် ပြောဆိုပါတယ်။

တိုက်ခိုက်မှုရဲ့ ရလာဒ် အပေါ် ဆန်းစစ် နေဆဲ လို့ ပြောပေမယ့် မူလာ မန်ဆူး သေဆုံး သွားပြီလို့ ယူဆရတယ် လို့လည်း ဆိုပါတယ်။

အာဖဂန် နယ်စပ် အနီး ပါကစ္စတန် ဘက်ခြမ်းက အာမက်ဒ်ဝေလ် ဆိုတဲ့ မြို့အနီး ဝေးလံ ခေါင်သီတဲ့ ဒေသမှာ မူလာ မန်ဆူး နဲ့ နောက်ထပ် လူတစ်ဦး မောင်းနှင် လာတဲ့ မော်တော်ယာဉ်ကို ပစ်မှတ်ထားကာ ဒရုန်း ယာဉ်ပျံတွေကို အသုံးပြုပြီး တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

မူလာ မန်ဆူးဟာ တာလီဘန် ခေါင်းဆောင် နေရာကို ပြီးခဲ့တဲ့ နှစ် ဂျူလိုင်လ က စပြီး ရရှိ လာတာ ဖြစ်ပြီး တာလီဘန် အဖွဲ့ခွဲ တချို့ကတော့ သူတို့ ခေါင်းဆောင် အဖြစ် အသိအမှတ် မပြုကြပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ