အီဂျစ်လေ လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းအရင်း အာဏာပိုင်တွေ မပြောနိုင်သေး

  • 21 မေ 2016
egypt_air_images_
Image caption လေယာဉ်ပေါ် လိုက်ပါခဲ့သူ ၆၆ ယောက် စလုံး သေဆုံး။

ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းတဲ့ ခရီးစဉ် အတွင်း မြေထဲပင်လယ်ထဲ ပျက်ကျ ခဲ့တဲ့ အီဂျစ် လေကြောင်းလိုင်းပိုင် လေယာဉ်ပျံ ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံတွေကို အီဂျစ် စစ်တပ်က ထုတ်ပြန် လာပါတယ်။

ဒါပေမယ့် လေယာဉ် ဘာ့ကြောင့် ပျက်ကျ ခဲ့ရသလဲ ဆိုတဲ့ အကြောင်းအရင်းကို ကောက်ချက် တစုံတရာ ချနိုင်ဖို့ အတွက်တော့ စောလွန်းသေးတယ်လို့ အီဂျစ် အာဏာပိုင်တွေက ဆိုပါတယ်။

လေယာဉ်ပေါ် လိုက်ပါခဲ့သူ ၆၆ ယောက် စလုံး သေဆုံး ခဲ့ရတဲ့ အဲဘတ်စ် အေ၃၂၀ အမျိုးအစား လေယာဉ်ပျံရဲ့ ထိုင်ခုံ အကျိုးအပျက်တွေ၊ အသက်ကယ် အင်္ကျီတွေ အပြင်၊ ကလေးငယ်ကို သိပ်တဲ့ အိတ်ရဲ့ အစိတ်အပိုင်း လို့ ယူဆရတာတွေကို အဲဒီ့ ဓာတ်ပုံတွေထဲ တွေ့နေရပါတယ်။

လေယာဉ်ရဲ့ ပင်မကိုယ်ထည်နဲ့ လေယာဉ် ပျံသန်းမှု ခရီးစဉ် မှတ်တမ်းတင် ကိရိယာ ဘလက်ဘောက်ဇ်တွေကို ရှာတွေ့ နိုင်ဖို့ အတွက်တော့ ရှာဖွေရေး အဖွဲ့တွေ ကြိုးစား နေကြဆဲ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ယောန်-မာ့ခ် အေရိုး က လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ယူဆထားချက်တွေ အားလုံးအပေါ် ဆန်းစစ် နေတယ်လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ