ဩစတြီးယား ရွေးကောက်ပွဲ အဖြေ ပြတ်ပြတ်သားသား ထွက်မလာသေး

_austria_election_
Image caption နိုဘက် ဟိုဖာ ကတော့သူကိုယ်စားပြုတဲ့ ဖရီးဒမ်း ပါတီဟာ လက်ျာစွန်း အယူအဆ ရှိတဲ့ ပါတီ မဟုတ်သလို၊ သူကိုယ်တိုင်လည်း ဗဟိုလက်ျာ နိုင်ငံရေးသမား တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဩစတြီးယား သမ္မတ ရွေးကောက်ပွဲမှာ မဲရုံတွေကို လာပြီး ထည့်ခဲ့ကြတဲ့ ဆန္ဒမဲပြားတွေ အားလုံး နီးပါး ရေတွက်ပြီး ဖြစ်ပေမယ့် ဘယ်သူ အနိုင်ရသလဲ ဆိုတဲ့ အဖြေတော့ ပြတ်ပြတ်သားသား ထွက် မလာသေးပါဘူး။

လက်ျာစွန်းရောက် ဖရီးဒမ်း ပါတီကို ကိုယ်စားပြု ဝင်ပြိုင်တဲ့ နိုဘက် ဟိုဖာနဲ့ ဂရင်းပါတီရဲ့ ခေါင်းဆောင်ဟောင်း အလက်ဇန်ဒါ ဗန်ဒါ ဘယ်လင်တို့ အပြိုင် ဖြစ်နေကြ ပါတယ်။

စာတိုက်တွေက တဆင့် ပေးခဲ့ကြတဲ့ သိန်းဂဏန်း တချို့ ရှိတဲ့ မဲတွေကို ဒီကနေ့ မေလ ၂၃ ရက် တနင်္လာနေ့မှာ ရေတွက် မှာ ဖြစ်ပါတယ်။

သမ္မတလောင်း နိုဘက် ဟိုဖာ ကတော့သူကိုယ်စားပြုတဲ့ ဖရီးဒမ်း ပါတီဟာ လက်ျာစွန်း အယူအဆ ရှိတဲ့ ပါတီ မဟုတ်သလို၊ သူကိုယ်တိုင်လည်း ဗဟိုလက်ျာ နိုင်ငံရေးသမား တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဩစတြီးယား နိုင်ငံရေးမှာ သမ္မတ ရာထူးဟာ ဂုဏ်ထူးဆောင် ရာထူး သဘောမျိုး ဖြစ်တယ်လို့ ဆိုပေမယ့် အစိုးရ အဖွဲ့ကို ဖျက်သိမ်းနိုင်တဲ့ အာဏာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ