စာမျက်နှာ ၇ ထောင်ကျော်ပါ ပြုပြင်ရေး ဥပဒေ ဂရိပါလီမန် အတည်ပြု

_protester_greece_debt_reuters ဓာတ်ပုံ မူပိုင် Reuters
Image caption ပြုပြင် ပြောင်းလဲရေး မူတွေ အပေါ် ပြည်သူတွေကြား မလိုလားမှု အတော်လေး ကျယ်ကျယ် ပြန့်ပြန့် ရှိနေ။

ဂရိ နိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး မူတွေ အပေါ် ပြည်သူတွေကြား မလိုလားမှု အတော်လေး ကျယ်ကျယ် ပြန့်ပြန့် ရှိနေပေမယ့်၊ ဂရိ ပါလီမန်ကတော့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စတွေမှာ အပြောင်းအလဲ လုပ်မယ့် လုပ်ငန်းစဉ် တော်တော်များများကို အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ဂရိနိုင်ငံ အနေနဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF ရဲ့ ချေးငွေတွေကို ပြန်လည် ပေးဆပ်နိုင်ဖို့ အတွက် ယူရို ငွေကြေးသုံး နိုင်ငံတွေက ဂရိကို ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့ တွေ ပေးမလား ဆိုတာကို နောက် နှစ်ရက်ကြာရင် ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ဒီအချိန်မှာပဲ ဂရိ ပါလီမန်က မြီရှင်တွေ လိုလား တောင်းဆို ထားတဲ့ အတိုင်း ပြင်ဆင်ရေးမူ တွေကို ဥပဒေ ပြဌာန်း ပေးလာတာ ဖြစ်ပါတယ်။

စာမျက်နှာ ၇ ထောင် ကျော်ရှိတဲ့ အဲဒီ့ ဥပဒေ ထဲမှာ အခွန်တိုးမြှင့်တာ အပါအဝင်၊ ပုဂ္ဂလိက လုပ်ခွင့် ပေးမယ့် လုပ်ငန်းတွေကို ကိုယ်တွယ်ဖို့ ငွေကြေး အဖွဲ့ ထူထောင် တာ၊ တကယ်လို့ အစိုးရ ဘတ်ဂျက် သတ်မှတ် ထားတာထက် ကျော်လွန် ပြီဆိုရင် အလိုအလျောက် ဖြတ်တောက် ပေးနိုင်ဖို့ စနစ် ယန္တရား ထားရှိ ရမှာ စတာတွေ ပါဝင် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ