အိုဘားမား ဗီယက်နမ်ကို ရောက်လာပြီ

obama_vietnam_
Image caption ရန်သူတွေ ဖြစ်ခဲ့ဖူးတဲ့ နှစ်နိုင်ငံကြား လုံခြုံရေးနဲ့ စီးပွားရေး ဆိုင်ရာ ဆက်ဆံမှုတွေ ပို တိုးတက် ခိုင်မာစေဖို့ ရည်ရွယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ သီတင်းတစ်ပတ်ကြာ အာရှခရီးစဉ် စတင် ခဲ့တာမှာ ဗီယက်နမ်ကို ရောက်ရှိ ခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်ကို သမ္မတ အိုဘားမား လာရောက်တာဟာ ရန်သူတွေ ဖြစ်ခဲ့ဖူးတဲ့ နှစ်နိုင်ငံကြား လုံခြုံရေးနဲ့ စီးပွားရေး ဆိုင်ရာ ဆက်ဆံမှုတွေ ပို တိုးတက် ခိုင်မာစေဖို့ ရည်ရွယ်ပြီး၊ ဗီယက်နမ် နိုင်ငံတွင်း လူ့ အခွင့်အရေး အခြေအနေတွေ အပေါ်မှာလည်း စိုးရိမ်စိတ် ရှိကြောင်း ပြသဖို့ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ်နိုင်ငံနဲ့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဗီယက်နမ် အပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေကို အမေရိကန် အစိုးရက အားပေး ထောက်ခံလိုပေမယ့်၊ တစ်ဘက်မှာလည်း တရုတ်အစိုးရနဲ့ကြား ဆက်ဆံရေး တင်းမာ နေတာတွေကို ပိုပြီး ဆိုးရွား မသွားစေလိုတဲ့ ဆန္ဒလည်း ရှိနေတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ဗီယက်နမ် အစိုးရဘက်ကတော့ ဗီယက်နမ် အပေါ် အမေရိကန်က ချမှတ်ထားတဲ့ လက်နက်တင်ပို့မှု ပိတ်ပင် ကန့်သတ်မှုကို ရုတ်သိမ်း ပေးဖို့ အလိုရှိနေတယ် ဆိုပြီး သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ