ဘရာဇီး အစိုးရသစ်ရဲ့ အဓိကဝန်ကြီး အသံတိပ်ခွေ ပေါက်ကြားလို့ နှုတ်ထွက်သွား

_romero_juca ဓာတ်ပုံ မူပိုင် Ag Brasil
Image caption မစ္စတာ ယူကာ ပြောကြား နေတာကို အသံသွင်းထားတဲ့ တိပ်ခွေ ပေါက်ကြား။

ဘရာဇီး အစိုးရသစ်ထဲ အရေးပါတဲ့ ဝန်ကြီး တစ်ယောက် ဖြစ်တဲ့ စီမံကိန်း ဝန်ကြီး ရိုမီယို ယူကာ တစ်ယောက် ရာထူးကနေ နှုတ်ထွက် သွားပါတယ်။

နိုင်ငံတွင်း အကျင့်ပျက် ခြစားခြင်း ဆိုင်ရာ အကြီးမားဆုံး စစ်ဆေး စုံစမ်းနေမှု အပေါ် အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ စကားမျိုးတွေကို မစ္စတာ ယူကာ ပြောကြား နေတာကို အသံသွင်းထားတဲ့ တိပ်ခွေ ပေါက်ကြား လာတဲ့ အတွက် ဖြစ်ပါတယ်။

သမ္မတ ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ မစ္စ ဂျီးလ်မား ရူးဆက်ဖ် အပေါ် တရားဝင် စစ်ဆေး မေးမြန်းတဲ့ လုပ်ငန်းစဉ်ဟာ နိုင်ငံပိုင် ပက်ထရိုဘရတ်စ် ရေနံ ကုမ္ပဏီ ကြီးနဲ့ ပတ်သက်တဲ့ အကျင့်ပျက်မှုတွေ အပေါ် စုံစမ်း နေတာတွေကို ရပ်တန့် သွားစေ နိုင်တယ်လို့ မစ္စတာ ယူကာ ပြောနေတာကို အဲဒီ့ တိပ်ခွေမှာ ကြားရပါတယ်။

သူပြောစကားရဲ့ ရှေ့နောက် စကားစပ်တွေကို မကြည့်ပဲ တစ်နေရာလေး သက်သက် ကွက်ပြီး လိုရာ ယူထားတာလို့ မစ္စတာ ယူကာက ဆိုပါတယ်။

မစ္စ ရူးဆက်ဖ်ကတော့ ဒီ အဖြစ်အပျက်ကို ကြည့်ရင် ပက်ထရိုဘရတ်စ် ရေနံ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အကျင့်ပျက် ချစားမှုထဲ ပါဝင်နေတဲ့ ထိပ်တန်း အာဏာပိုင်တွေကို အကာအကွယ် ဖြစ်စေဖို့ အတွက် ရည်ရွယ်ကာ နိုင်ငံရေး အရ အာဏာ သိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ