အထိုက်အလျောက် ငြိမ်းချမ်းခဲ့တဲ့ ဆီးရီးယားမြို့တွေမှာပါ ဗုံးတွေကွဲလာ

syria_explosions
Image caption တာတုစ်နဲ့ ဂျက်ဘလာမြို့တွေမှာ ချိန်ကိုက် လုပ်ဆောင်ခဲ့တဲ့ ပေါက်ကွဲမှုတွေ ဖြစ်။

ဆီးရီးယား နိုင်ငံမှာ သမ္မတ အာဆတ် အစိုးရ ထိန်းချုပ် ထားတဲ့ အဓိက ဆိပ်ကမ်းမြို့ နှစ်မြို့ မှာ တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့တယ်လို့ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS က ပြောပါတယ်။

တာတုစ်နဲ့ ဂျက်ဘလာမြို့တွေမှာ ချိန်ကိုက် လုပ်ဆောင်ခဲ့တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ် ခဲ့ပြီး လူ အယောက် ၁၅၀ ဝန်းကျင် သေဆုံး သွားတယ်လို့ ဆီးရီးယားအရေး စောင့်ကြည့် နေသူတွေက ပြောပါတယ်။

ဆီးရီးယား အစိုးရက ထုတ်ပြန်တဲ့ သေဆုံး စာရင်းထဲမှာတော့ ၇၈ ယောက်လို့ ဖော်ပြ ထားပါတယ်။

အခင်းဖြစ်ခဲ့ရာ မြို့တွေဟာ ဆီးရီးယား ပြည်တွင်းစစ် အတွင်း တခြား မြို့တွေနဲ့ နှိုင်းယှဉ်ရင် သွေးထွက်သံယို ဖြစ်ရပ်တွေ ပေါ်ပေါက်တာမျိုး နည်းပါးတာကြောင့် စစ်ပြေးဒုက္ခသည်တွေ အများအပြား ဝင်ရောက် ခိုလှုံ နေထိုင်လေ့ ရှိတဲ့ မြို့တွေ ဖြစ်ပါတယ်။

အခုတော့ မြို့ခံတွေဟာ အသစ် ဝင်ရောက် လာသူတွေကြောင့် သူတို့ မြို့တွေ မလုံခြုံတော့ဘူး ဆိုပြီး ဒေါသထွက် နေကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ