ဒုက္ခသည် တွေ ကို ဂရိ အစိုးရ နေရာရွှေ့

  • 24 မေ 2016
ဓာတ်ပုံ မူပိုင် AP
Image caption မတ်လ မှာ ဂရိ နဲ့ မက်ဆီ ဒိုးနီးယား နိုင်ငံ နယ်စပ် ကို ပိတ်ထားခဲ့တာဖြစ်

ဂရိ နဲ့ မက်ဆီဒိုးနီးယား နိုင်ငံ နယ်စပ်က အီဒိုမန်နီ ယာယီ ဒုက္ခသည် စခန်းမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်း ဝင်ရောက် လာသူတွေကို ပြောင်းရွှေ့မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်လာသူ အများစု ကို ဂရိ နိုင်ငံရဲ့ သယ်ဆာလိုနီကီ မြို့က ဒုက္ခသည်တွေ နေထိုင်ဖို့ ဆောက်လုပ်ထားတဲ့ နေရာတွေကို ပို့ဆောင် ပေးနေတာ ဖြစ်ပါတယ်။

ရာနီချီတဲ့ အကြမ်းဖက် နှိမ်နှင်းရေး တပ်ဖွဲ့တွေကိုလည်း ရွှေ့ပြောင်းမှုတွေမှာ ကြီးကြပ် နေပြီးတော့ အတင်းအကြပ် ပြောင်းရွှေ့မှုတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ ဂရိ အာဏာပိုင်တွေ ဘက်က တော့ ပြောကြား နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ မှာ ဂရိ နဲ့ မက်ဆီ ဒိုးနီးယား နိုင်ငံ နယ်စပ် ကို မက်ဆီဒိုးနီးယား နိုင်ငံက ပိတ်ထား ခဲ့တာဖြစ်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက် လာသူတွေဟာ ဥရောပ မြောက်ပိုင်းကို သွားရောက်လိုတာ ဖြစ်ပါတယ်။ အီဒိုမန်နီ ဒုက္ခသည် စခန်းမှာ ဒုက္ခသည် ရှစ်ထောင်ကျော် သောင်တင် နေပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ