ဖလူဂျာ မြို့သိမ်းစစ် နှစ်ရက်မြောက် ဆင်နွှဲ

Image caption ဖလူဂျာ မြို့သိမ်းစစ်ပွဲကို အီရတ် စစ်တပ် အပါအဝင် ရှီအာနဲ့ ဆွန်နီ လူမျိုးစု လက်နက်ကိုင် တပ်တွေ ပူးပေါင်း ဆင်နွှဲ။

အီရတ် အစိုးရ အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေဟာ IS တွေ လက်ထဲ ကျရောက် နေတဲ့ ဖလူဂျာ မြို့က ပစ်မှတ်တွေကို ဒုတိယ မြောက်နေ့ အဖြစ် လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ် ခဲ့ပါတယ်။

ဖလူဂျာ မြို့သိမ်းစစ်ပွဲကို အီရတ် စစ်တပ် အပါအဝင် ရှီအာနဲ့ ဆွန်နီ လူမျိုးစု လက်နက်ကိုင် တပ်တွေ ပူးပေါင်း ဆင်နွှဲ လာတာ ဖြစ်ပါတယ်။

IS အဖွဲ့နဲ့ အဆက်အစပ် ရှိတဲ့ နေရာတွေက လာတဲ့ သတင်းတွေ အရတော့ အစိုးရတပ်နဲ့ ပူးပေါင်း အဖွဲ့တွေရဲ့ ထိုးစစ်တွေ တန့်သွားအောင် IS တိုက်ခိုက်ရေး သမားတွေက တွန်းလှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဖလူဂျာ မြို့ထဲ အရပ်သား ၅ သောင်းကျော် ပိတ်မိ နေတယ်လို့ ခန့်မှန်းထားပြီး၊ အဲဒီ့ အရပ်သားတွေရဲ့ ကံကြမ္မာ အတွက် စိုးရိမ် ရတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နဲ့ ကုလသမဂ္ဂတို့က ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ