ဆီးရီးယား အရှေ့မြောက်ပိုင်းက IS တွေကို SDF တပ်ပေါင်းစု ထိုးစစ်ဆင်

  • 24 မေ 2016
kurdish_fighters ဓာတ်ပုံ မူပိုင် Reuters
Image caption SDF အဖွဲ့ကို လေကြောင်း ပစ်ကူတွေ ပေးမယ် ဆိုပြီး အမေရိကန် စစ်တပ်က ပြော။

ဆီးရီးယား နိုင်ငံ အရှေ့မြောက်နယ်မြေတွေက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေကို သူတို့ အခြေကုပ် ယူထားတဲ့ ရက်ခါ မြို့ ဘက်ထိ ထွက်သွားအောင် စတင် ထိုးစစ် ဆင်နေပြီလို့ ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင်တွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ပေါင်းစု အဖွဲ့ SDF က ကြေညာ ပါတယ်။

ရက်ခါ မြို့ကိုတော့ တိုက်ခိုက် ဦးမှာ မဟုတ်သေးပဲ IS တွေ ဖိနှိပ်မှုအောက် ကျရောက်နေတဲ့ အရှေ့မြောက် ဒေသက နယ်မြေတွေ လွတ်မြောက်လာဖို့ ရည်ရွယ်တယ်ဆိုပြီး SDF အဖွဲ့က ပြောပါတယ်။

တိုက်ခိုက်ရေး သမား အင်အား စုစုပေါင်း ၃ သောင်း ဝန်းကျင်လောက် ရှိတယ်လို့ ယူဆရတဲ့ SDF အဖွဲ့ကို လေကြောင်း ပစ်ကူတွေ ပေးမယ် ဆိုပြီး အမေရိကန် စစ်တပ်က ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေဒ လက်ဗ်ရော့ဗ်ကလည်း ကာ့ဒ်တပ်ဖွဲ့ဝင်တွေနဲ့ အမေရိကန်တို့ရဲ့ ထိုးစစ်မှာ ပူးပေါင်း ဆောင်ရွက်ဖို့ ရုရှား အစိုးရဘက်က အသင့်ရှိနေပြီလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ