ပြင်သစ် အလုပ်သမား ဥပဒေသစ် ကန့်ကွက်

  • 25 မေ 2016
france ဓာတ်ပုံ မူပိုင် Reuters
Image caption ရေနံချက် စက်ရုံ သပိတ် ဆက်မှောက်ဖို့ ဆုံးဖြတ်

ပြင်သစ် နိုင်ငံက ရေနံချက် စက်ရုံ အလုပ်သမားတွေဟာ အစိုးရက အသစ်ရေးဆွဲ ထားတဲ့ အလုပ်သမား ဥပဒေကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကြဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

မေလ ၂၄ ရက်က လာ အာဗာ ဆိပ်ကမ်း မှာ ရှိတဲ့ ရေနံချက် စက်ရုံ အလုပ်သမားတွေဟာ အလုပ်သမား ဥပဒေသစ်ကို ဆက်လက် သပိတ်မှောက်ဖို့ တညီ တညွတ်တည်း ဆုံးဖြတ် ခဲ့ပါတယ်။

ရေနံချက် စက်ရုံ အလုပ်သမားတွေရဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် လောင်စာ စွမ်းအင် ထုတ်လုပ်မှုတွေလည်း ကျဆင်း နေပါတယ်။

နျူကလီးယား စွမ်းအင် ထုတ်လုပ်ရေး အလုပ်သမားတွေဟာ လည်း အလုပ်သမား ဥပဒေကို ဆန့်ကျင် ဆန္ဒပြဖို့ ဆန္ဒမဲ ပေးခဲ့ကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ