တိုင်ဝမ် သမ္မတသစ်ကို တရုတ်ဝေဖန်

Tsai Ing-wen ဓာတ်ပုံ မူပိုင်
Image caption တရုတ်နဲ့ အပြုသဘော ဆွေးနွေးမှုကို မျှော်လင့်လို့ တိုင်ဝမ်သမ္မတသစ် ပြောကြား

တိုင်ဝမ် သမ္မတ သစ် ဟာ အိမ်ထောင် မရှိသူ ဖြစ်တာကြောင့် အစွန်းရောက်တဲ့ အယူအဆ ရှိသူလို့ ဝေဖန် ခဲ့သူ တရုတ် ခေါင်းဆောင် တယောက်ကို အင်တာနက် လူမှု ကွန်ယက် စာမျက်နှာတွေမှာ ဝေဖန် နေကြပါတယ်။

သမ္မတ စိုင်အင်ဝမ်း ဟာ ချစ်ခင် ကြင်နာ စိတ် နည်းပါးပြီး အိမ်ထောင့် တာဝန် တွေကို ယူချင်စိတ် မရှိသူ ဖြစ်ပြီး အစွန်းရောက်တဲ့ ပုံစံမျိုး ရှိသူ ဖြစ်တယ်လို့ တရုတ် ထိပ်တန်း စစ်ခေါင်းဆောင် တယောက် ဖြစ်တဲ့ Wang Weixing က ဆင်ဟွာ သတင်းမှာ ရေးသား ဝေဖန် ခဲ့ပါတယ်။

တိုင်ဝမ် သမ္မတ ရုံးကတော့ မှတ်ချက်ပေး ပြောကြားမှု နဲ့ ပတ်သက်ပြီး ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

တရုတ် နိုင်ငံဟာ တိုင်ဝမ် ကို လက်အောက်ခံ ဒေသ အဖြစ် ရှုမြင် ထားပြီး တိုင်ဝမ် ကို လွတ်လပ်တဲ့ သီးခြား နိုင်ငံ အဖြစ် တောင်းဆို နေတဲ့ ပါတီ ခေါင်းဆောင် သမ္မတ စိုင်အင်ဝမ်း အပေါ်မှာ သဘောထား တင်းမာ မှုတွေ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ