တာလီဘန် ခေါင်းဆောင်သစ် ခန့်

taliban
Image caption တာလီဘန် ခေါင်းဆောင် သေဆုံးပြီးနောက် ခေါင်းဆောင်သစ်ကြေညာ

တာလီဘန် အဖွဲ့က ဟိုက်ဘာတူလာ အက်ခွန်ဇာဒါး ကို ခေါင်းဆောင်သစ် အဖြစ် ခန့်အပ် ခဲ့ပါတယ်။

အက်ခွန် ဇာဒါ ဟာ ခေါင်းဆောင်ဟောင်း မူလာ မန်ဆူး ရဲ့ လက်အောက်မှာ ဒုတိယ ခေါင်းဆောင် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးပြီး တရားစီရင်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ် လုပ်ခဲ့ဖူးသူ လည်း ဖြစ်ပါတယ်။

တာလီဘန် အဖွဲ့ ရဲ့ ဒုတိယ ခေါင်းဆောင်တွေ အဖြစ် ဆီရာဂျူဒင် ဟက်ကာနီ နဲ့ မိုဟာမက် ယာကွက် တို့ ကို လည်း ခန့်အပ်မယ်လို့ သိရပါတယ်။

ခေါင်းဆောင်ဟောင်း မူလာ မန်ဆူး သေဆုံး ခဲ့တာကိုလည်း တာလီဘန် အဖွဲ့က ပထမဆုံး အကြိမ် ဝန်ခံခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အမေရိကန်တို့ရဲ့ ဒရုမ်း မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း သူတို့ရဲ့ ခေါင်းဆောင် မူလာ အက်ခတာ မန်ဆူ သေဆုံးခဲ့ပြီး ၄ ရက် အကြာမှာ အခုလို ခေါင်းဆောင်သစ်ကို ကြေညာခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ