ကောက်ပဲ သီးနှံ အဆိပ်သင့်မှု ကုလ သတိပေး

  • 25 မေ 2016
drought ဓာတ်ပုံ မူပိုင် AFP
Image caption အာရှဒေသတလွှား မိုးခေါင်ရေရှားမှု ဆိုးရွားစွာ ခံစားရ

ရာသီဥတု ပြင်းထန် ဆိုးရွားမှုတွေကြောင့် လူနဲ့ တိရစ္ဆာန်တွေမှာ ကောက်ပဲ သီးနှံ အဆိပ်သင့်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေး ထုတ်ပြန် လိုက်ပါတယ်။

မိုးခေါင်ရေရှားတာ၊ အပူချိန် မြင့်တက်တာတွေကြောင့် ကောက်ပဲ သီးနှံ တွေမှာ ဓာတု ဒြပ်ပေါင်း ပါဝင်မှုတွေ မြင့်တက်နိုင်ခြေ ရှိကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်အသစ်မှာ ပါရှိပါတယ်။

ဂျုံ၊ ပြောင်း စတဲ့ ကောက်ပဲ သီးနှံတွေဟာ ဓာတ်မြေသြဇာ လုပ်ရာမှာ အဓိက ပါဝင်တဲ့ နိုက်ထရိတ် ဓာတ် ပါဝင်နှုန်း အန္တရာယ်ရှိတဲ့ အထိ များလာနိုင်တယ်လို့ သိရပါတယ်။

မိုးများလွန်းတဲ့ အတွက်ကြောင့်လည်း သစ်ပင်တွေမှာ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက် ပါဝင်မှု မြင့်တက် လာနိုင်ပါတယ်။

ဒီ အဆိပ်သင့်မှုကြောင့် ကမ္ဘာတလွှား စိုက်ပျိုး ထုတ်ကုန် ၇ဝ ရာခိုင်နှုန်း ကို ထိခိုက်နိုင်ပြီး ကမ္ဘာ့ လူရေ သန်း ၄၅ဝဝ ကျော်မှာလည်း စိုးရိမ်စရာ ရှိတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ