ယူကရိန်း ရဟတ်ယာဉ် မောင်း ပြန်လွတ်

  • 25 မေ 2016
Petro Poroshenko ဓာတ်ပုံ မူပိုင် APTN
Image caption ယူကရိန်း သမ္မတ ပေထရို ပေါ်ရိုရှန်ကို

ရုရှ နိုင်ငံမှာ ၂ နှစ်ကြာ အကျဉ်းကျ ခံခဲ့ရတဲ့ ယူကရိန်း ရဟတ်ယာဉ် မောင်းသူ နာဒီယာ ရှက်ချန်ကို ဟာ အကျဉ်းသား လဲလှယ်ရေး အစီအစဉ် နဲ့ ပြန်လည် လွတ်မြောက် ခဲ့ပါတယ်။

လွတ်မြောက်လာခဲ့တဲ့ နာဒီယာ ရှက်ချန် ကို က သူ လွတ်မြောက်အောင် ဆုတောင်း ပေးခဲ့ကြသူတွေ နဲ့ ကျန်းမာရေး ကောင်းစေဖို့ ဆုတောင်း ပေးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီကနေ့ အစောပိုင်း က ယူကရိန်း သမ္မတ ပေထရို ပေါ်ရိုရှန်ကို ဟာ အကျဉ်းသား ရုရှ နိုင်ငံကို သွားရောက် ခဲ့ပြီး ယူကရိန်း အရှေ့ပိုင်းမှာ ဖမ်းဆီး ရမိ ခဲ့တဲ့ ရုရှ စစ်သား ၂ ယောက် နဲ့ နာဒီယာ တို့ကို ပြန်လည် လဲလှယ် ခဲ့တာ ဖြစ်ပါတယ်။

ရုရှ နိုင်ငံ အတွင်း ကို တရားမဝင် ဖြတ်ကျော် မှု၊ ရုရှ သတင်းထောက် ၂ ယောက် သေဆုံး ခဲ့ရမှု တို့နဲ့ ယူကရိန်း စစ်တပ်က ရဟတ်ယာဉ် မောင်းသူ နာဒီယာ ရှက်ချန်ကို ဟာ ရုရှမှာ အကျဉ်းကျ ခံနေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ