ပြင်သစ် အလုပ်သမား သပိတ်တွေ အရှိန်မြှင့်

  • 26 မေ 2016
france ဓာတ်ပုံ မူပိုင်
Image caption ပြင်သစ်ရဲ့ အဓိက စွမ်းအင်ရင်းမြစ် ဖြစ်တဲ့ အဏုမြူ စွမ်းအင် စက်ရုံ တရုံ

ပြင်သစ် နိုင်ငံ တလွှား အလုပ်သမား သပိတ်တွေ အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

ပြင်သစ် အစိုးရ အလုပ်သမား ဥပဒေသစ် တွေကို စိတ်ဆိုး ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေက ရေနံ လှောင်ကန်တွေ၊ လမ်းမတွေ နဲ့ တံတားတွေ ပေါ်မှာ အတားအဆီးတွေ ချ ထားကြပါတယ်။

မြောက်ပိုင်းက Cherbourg ဆိပ်ကမ်းမှာတော့ ဆန္ဒပြသူတွေက အဏုမြူ ရေငုပ် သင်္ဘော စခန်း တခုကို ဝန်းရံ ပိတ်ဆို့ လိုက်ပါတယ်။

Le Havre ဆိပ်ကမ်းမြို့ မှာလည်း သင်္ဘောကျင်း အလုပ်သမားတွေက ဆိပ်ကမ်းကို ဝိုင်းထားပြီး ရေပန်းတွေထဲ မီးခိုးဗုံးတွေ ပစ်ထည့်ခဲ့ကြပါတယ်။

ထုတ်လုပ်ရေး ကျဆင်း

သပိတ်တွေ ဆက်မှောက်နေလို့ အဏုမြူ စွမ်းအင် စက်ရုံတွေရဲ့ ထုတ်လုပ်ရေး ကျဆင်းသွားပါတယ်။

ဒီလို သပိတ်မှောက်တဲ့ အတွက် အစိုးရ ရဲ့ ပြုပြင်ရေး အစီအစဉ်တွေကို နောက်ဆုတ်မပေးနိုင်ဘူးလို့ ပြင်သစ် ဝန်ကြီးချုပ် မန်ညူရယ် ဗားက ပြောပါတယ်။

ဒါပေမဲ့ တိုးတက်မှု တချို့ ရအောင် ပြုပြင်နိုင်လိမ့်မယ် လို့လည်း မျှော်လင့်ကြောင်း ရုပ်သံ မေးမြန်းခန်း တခုမှာ မန်ညူရယ် ဗားက ပြောကြား ခဲ့ပါတယ်။

နောက် ၂ ပတ်မှာ ကျင်းပမယ့် ယူရို ၂ဝ၁၆ ဘောလုံးပွဲတွေ မစခင် ဆန္ဒပြပွဲတွေ ရပ်နိုင်ဖို့ ပြင်သစ် အစိုးရကို ဖိအားပေးခံနေရတယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ