ရေနံစျေး တစည် ဒေါ်လာ ၅ဝ ကျော်ထိ ပြန်တက်

  • 26 မေ 2016
oil ဓာတ်ပုံ မူပိုင် bbc
Image caption ဆော်ဒီ ရေနံချက် စက်ရုံ

ရေနံစျေး တစည်ကို ဒေါ်လာ ၅ဝ ကျော်အထိ ပြန်တက်လာပါတယ်။

ရေနံထုတ်လုပ်တဲ့ဘက် မှာ ပြဿနာတွေ ကြုံလာလို့ စျေးပြန်တက် လာတာလို့ သုံးသပ်နေကြပါတယ်။

ရေနံစျေးက ဒီနှစ်အစပိုင်းလောက်မှာ ၁၃ နှစ်အတွင်း အကျဆင်းဆုံး စျေးအဖြစ် တစည်ကို ၂၈ ဒေါ်လာ လောက်ထိ ကျနေခဲ့ရာက နေ အခု ဒေါ်လာ ၅ဝ နဲ့ ၂ ဆင့် ကျော်ကျော် လေးမှာ ပြေးနေပါတယ်။

တရုတ်မှာ စီးပွားရေး ကျတော့ ရေနံ အဝယ်ကျနေပါတယ်၊ ပုံမှန်အားဖြင့် အဝယ်ကျရင် လျှော့ထုတ်တဲ့ နည်းနဲ့ ဖြေရှင်းပြီး ရေနံစျေးကို ထိန်းတတ်ကြပေမယ့် အဓိက ရေနံထုတ် နိုင်ငံတွေ ဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ အီရန်တို့လို နိုင်ငံတွေ က သူတို့ နိုင်ငံ ဝင်ငွေ လိုအပ်ချက်အရ စျေးကျလည်း လိုတဲ့ဝင်ငွေ ရအောင် ရေနံကို ထုတ်ရောင်း ရတာကြောင့် ရေနံစျေး ထိုးကျ ခဲ့တာပါ ။

ပြဿနာတွေ ရှိ
ဓာတ်ပုံ မူပိုင် Reuters
Image caption ကနေဒါ တောမီး ကြောင့် ရေနံအထွက် တရက် စည် ၁ သန်း လောက် လျော့

အခု အချိန်မှာတော့ ရေနံတင်ပို့ ထုတ်လုပ်တဲ့ နိုင်ငံတွေ ဘက်မှာ ပြဿနာတွေ ရှိနေပါတယ်။

ဥပမာ ကနေဒါ ရေနံမြေဘက် က တောမီး ကြောင့် သူတို့ရေနံအထွက် တနေ့တနေ့ ရေနံစည် ၁ သန်း လောက် လျော့သွားပါတယ် ။

နိုင်ဂျီးရီးယား ရေနံတွင်းတွေ ကို စစ်သွေးကြွတွေ တိုက်ခိုက်တဲ့ ပြဿနာတွေ ကလည်း ကမ္ဘာ့ရေနံစျေးကွက် ကို သက်ရောက်ပါတယ်။ တခါ အမေရိကန် ကျောက်လွှာတွေ ကြားက ရေနံထုတ်လုပ်ငန်း က လည်း မှန်းထားတာ ထက် အထွက် လျော့ နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်း က ထွက်လာတဲ့ အမေရိကန် စွမ်းအင် စာရင်းဇယား တွေ အရ ရေနံ အထွက် ကျဆင်းတာ က စည်နဲ့ ဆိုရင် ၄ ဒသမ ၂ သန်း ကျဆင်းသွားတာပါ။

ပြန်ဦးမော့

မကြာခင် က ပြီးဆုံးခဲ့တဲ့ အိုပက် ရေနံရောင်း နိုင်ငံအဖွဲ့နဲ့ ရေနံ ကုန်စည်ကြွယ်ဝတဲ့ ရုရှား နိုင်ငံ အစည်းအဝေး အရ ရေနံထုတ် တာကို ထိန်းထားဦးမယ် ဆိုတဲ့ ဆုံးဖြတ် ချက်ကြောင့်လည်း အခုလို ရေနံစျေး က ပြန်ဦးမော့လာတာပါ။

အခုလို အထွက်ပိုင်းမှာ အားလျော့သွားတဲ့အချိန်မှာ ပဲ အရင် က စီးပွားရေး ကျဆင်းလို့ ရေနံ အသုံး ကျဆင်းခဲ့တဲ့ တရုတ် အိန္ဒိယ ရုရှ နိုင်ငံတွေမှာ လည်း အရင် မှန်းဆ သလောက် ရေနံလိုအပ်ချက် က မကျ ပါဘူး ။

စျေးက အခု နှစ်စ ထက် ၈ဝ ရာခိုင်နှုန်း တက်လာ ပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရေနံစျေးနဲ့ နှိုင်းကြည့်ရင်တော့ စျေး တဝက် တောင် ပြန်မရသေးပါဘူး။

အခုလိုအခြေအနေတွေ အောက်မှာ ရေနံစျေး အတက်ဘက် မှန်းဆ နေ ကြတာတွေတော့ ထွက်ပေါ်နေပါတယ်။

ဥပမာ ဂိုးလ်းမန်းဆတ်ချ် လို ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဘဏ် က ၂ဝ၁၆ နှစ်လည်လောက်မှာ ရေနံစျေး ဒေါ်လာ ၅ဝ လောက် ပြန်ရောက်မယ်၊ ၂ဝ၁၇ အကုန်လောက်ဆိုရင် တစည်ကို ဒေါ်လာ ၆ဝ လောက် ဖြစ်မယ် လို့ အရင်ကတည်း ကမှန်းဆ ခဲ့ပါတယ် ။

ရေနံကုမ္ပဏီ ကြီး ဘီပီ ကလည်း အရင်လတုန်း က မှန်းတာ က ၂ဝ၁၇ မှာ ရေနံတစည်စျေး ဒေါ်လာ ၅၀ နဲ့ ၅၅ ကြားလို့ မှန်းခဲ့ပါတယ်။

အခုတော့ ဒီလိုမှန်းဆချက် တွေ ထက် ပိုတဲ့စျေးတွေ မကြာခင် ဖြစ်လာနိုင်တယ် လို့ တွက်ကြသူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ နာမည်ကြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဟာဂရေးစ် လန်းစဒေါင်း ဘဏ် က မန်နေဂျာ အဒမ် လိုင်ရပ် ကတော့ စျေး သိသိသာသာ ပြန်တက်မယ်လို့ မမှန်းနိုင်သေးပါဘူး လို့ ဆိုနေပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ