မြေထဲပင်လယ်ထဲ ရွှေ့ပြောင်းသူတွေရဲ့ ရုပ်အလောင်းတွေ တွေ့ရှိ

_italy_migrants_
Image caption ၅ ရက် အတွင်း ကယ်ဆယ်ခဲ့ရသူ အရေအတွက် ၁ သောင်း ၄ ထောင် ရှိ။

မြေထဲပင်လယ်ပြင် ကနေ ရွှေ့ပြောင်းသူတွေရဲ့ ခန္ဓာကိုယ် ရုပ်အလောင်းပေါင်း ၅၅ လောင်းကို တွေ့ရှိ ခဲ့ရတယ် ဆိုပြီး အီတလီ ရေတပ်က ပြောပါတယ်။

ရေထဲ နစ်တစ်ဝက် ဖြစ်နေတဲ့ ရာဘာ လှေပေါ်မှာ တွေ့ခဲ့ရတာ ဖြစ်ပြီး၊ ကျန် အယောက် ၁၃၀ ဝန်းကျင်ကိုတော့ ကယ်ဆယ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သောကြာနေ့က တစ်ရက် ထဲမှာတင် မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစားခဲ့တဲ့ ရွှေ့ပြောင်းသူ ၂ ထောင်ကျော်ကို ကယ်ခဲ့ရတယ် ဆိုပြီး အီတလီ ကမ်းစောင့်တပ်က ပြောပါတယ်။

တနင်္လာနေ့ ကနေ စတွက်ရင် ၅ ရက် အတွင်း ကယ်ဆယ်ခဲ့ရသူ အရေအတွက် ၁ သောင်း ၄ ထောင် ရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ