ဖလူဂျာကို သိမ်းနိုင်ဖို့ အီရတ် အစိုးရတပ်တွေ အရှိန်တိုးမြှင့် တိုက်ခိုက်နေ

_fallujah_iraq ဓာတ်ပုံ မူပိုင် AFP
Image caption IS တွေဘက်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက် နေကြဆဲ ဖြစ်ပါတယ်။

အီရတ် နိုင်ငံမှာ အစိုးရတပ်တွေဟာ ဖလူဂျာ မြို့ကို အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ လက်ထဲကနေ ပြန်လည် ရရှိနိုင်အောင် မြို့သိမ်း စစ်ပွဲကို အရှိန်တိုးမြှင့် တိုက်ခိုက် လာတာမှာ မြို့ ဆင်ခြေဖုံးက နေရာ တချို့ဆီ ထိုးဖောက် သွားနိုင်ခဲ့ ပါတယ်။

ဒါပေမယ့် IS တွေဘက်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက် နေကြဆဲ ဖြစ်ပါတယ်။

ဖလူဂျာမြို့ အရှေ့မြောက်ဘက် IS တွေ လက်ထဲကနေ ပြန်လည် ရရှိခဲ့တဲ့ ကာမာ ဆိုတဲ့ မြို့ရှိရာဆီ သွားရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်ရဲ့ အဆိုအရ အဲဒီ့ မြို့ တစ်ခုလုံး မီးလောင် ခံထားရတဲ့ စျေးဆိုင်တွေ၊ အဆောက်အဦပျက်တွေနဲ့ လူသူ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ ဆိုပါတယ်။

တခါ၊ ဖလူဂျာ မြို့ထဲ မိတ်မိနေတဲ့ အရပ်သားတွေထဲက အနည်းငယ်လောက်သာ ထွက်ပြေး လာနိုင် ခဲ့ကြပြီး ဆက်လက် ပိတ်မိ နေကြဆဲ ဦးရေ ၅ သောင်း ဝန်းကျင်ရဲ့ လုံခြုံမှု အတွက် စိုးရိမ်မှုတွေ လည်း တိုးမြင့် နေပါတယ်။

ဆီးရီးယားကို ကြည့်ပြန်ရင်လည်း သူပုန်တွေ ထိန်းချုပ် ထားရာ မာရေး ဆိုတဲ့ မြို့က လာတဲ့ သတင်းတွေ အရ IS တွေက အကြီးအကျယ် တိုက်ခိုက် လာပေမယ့် ပြန်လည် တွန်းလှန် နိုင်လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီ့ မြို့မှာ ရှိတဲ့ ဆေးရုံကို IS တွေ စီးနင်ဖို့ ကြိုးစားခဲ့ပေမယ့် မြို့ကို ထိန်းချုပ်ထားတဲ့ သူပုန်တွေက ခုခံခဲ့လို့ ပြန်လည် ဆုတ်ခွာ သွားတာမှာ၊ ဆေးရုံဝင်းထဲ ကားရပ်နားရာ နေရာမှာ IS လက်နက်ကိုင်တွေ ရဲ့ အလောင်း ၅ လောင်း ကျန်ရစ် ခဲ့ ပါတယ်။

ဒါပမယ့် မာရေး မြို့ထဲက ရပ်ကွက် တချို့မှာတော့ IS လက်နက်ကိုင်တွေ ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ