ဟာ့ဂျ် မလာနိုင်ဘူးလို့ အီရန် သပိတ်မှောက်တာကို ဆော်ဒီ တုံ့ပြန်

hajj_saudi
Image caption ဟာ့ဂျ်ခရီးစဉ်မှာ မပါဝင်ဖို့ အီရန်ဘက်က အနှစ် ၃၀ နီးပါး အတွင်း ပထမဆုံး အကြိမ် ဆုံးဖြတ် လာပြန်။

အစ္စလာမ် ဘာသာရေးမှာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို သွားရောက်ပြီး ဟာ့ဂျ်ပြုလုပ်တယ် ဆိုတဲ့ ဘာသာရေး လုပ်ထုံးလုပ်နည်းထဲ အီရန် အနေနဲ့ အခုနှစ်မှာ ပါဝင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တဲ့ အပေါ် ဆော်ဒီ အစိုးရက တုံ့ပြန် လာပါတယ်။

အီရန်က လာရောက်သူတွေ ဟာ့ဂျ်ပြုလုပ်ဖို့ မဖြစ်နိုင်လောက်အောင် ဆော်ဒီ အစိုးရ အနေနဲ့ အနှောင့်အယှက် အဟန့်အတားတွေ ပြုလုပ် ဖန်တီးထားတယ် ဆိုပြီး အီရန်က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး အဒဲလ် အယ်လ်-ဂျူဘီယာကတော့ အီရန်တွေဘက်က မက္ကာမှာ ဆန္ဒပြခွင့် လိုမျိုး လုံးဝ လက်သင့် ခံနိုင်ဖွယ်ရာ မရှိတဲ့ တောင်းဆိုမှုမျိုး အပါအဝင် အထူး အခွင့်အရေးတွေ တောင်းဆို နေတယ် ဆိုပြီး တုံ့ပြန် လိုက်ပါတယ်။

ဟာ့ဂျ်ခရီးစဉ်မှာ မပါဝင်ဖို့ အီရန်ဘက်က အနှစ် ၃၀ နီးပါး အတွင်း ပထမဆုံး အကြိမ် ဆုံးဖြတ် လာပြန်တာကို ကြည့်ရင် ဒေသတွင်း အဓိက ပြိုင်ဘက် ၂ နိုင်ငံရဲ့ ဆက်ဆံရေး ဘယ်လောက်တောင် ပျက်ပြား တင်းမာ နေသလဲ ဆိုတာ ပြသ နေတယ်လို့ ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်း ဒေသ ဆိုင်ရာ သုံးသပ် လေ့လာသူက ဆိုပါတယ်။

ဆီးရီးယားနဲ့ ယီမင် နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အတွင်း အီရန်နဲ့ ဆော်ဒီဟာ မတူတဲ့ ဘက်တွေကနေ ကိုယ်စီ ကျောထောက် နောက်ခံပေး ထောက်ပံ့ နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ