IS တွေက ဖာလူဂျာ မြောက်ပိုင်းက မြို့ကို ဝင်တိုက်နေ

  • 29 မေ 2016
Image caption ဖာလူဂျာမှာ ကိုထိန်းချုပ်ဖို့ အီရတ်အစိုးရ ကြိုးစားနေ

အီရတ် အစိုးရက ဖလူဂျာ မြို့ကို သိမ်းပိုက် နိုင်ဖို့ ထိုးစစ်တွေ ဆက်လုပ် နေဆဲ မှာဘဲ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က မြောက်ပိုင်း ယူဖရေတီးစ် မြစ်ကမ်းပေါ်က မြို့တမြို့ ကို အကြီးအကျယ် တိုက်ခိုက် လာနေ ပါတယ်။

ဟီးတ်မြို့ကို ရော့ကက် လောင်ချာ တွေနဲ့ ပစ်ခတ် ခဲ့ပြီးတဲ့နောက် မြို့ ထဲကို အသေခံ ဗုံးခွဲသမား အများအပြား ဝင်ရောက် ခဲ့ကြတယ်လို့ လုံးခြုံရေး သတင်း ရင်းမြစ် တွေက ဆိုပါတယ်။

IS တွေဟာ မြို့ဧရိယာ အတော်များများကို ထိန်းချုပ်ထားနိုင်ပြီး မြို့ထဲ ကနေလူတွေ ထွက်ပြေး နေကြတယ်လို့ သတင်း တွေက ဆိုပါတယ်။

အစိုးရနဲ့ လူမျိုးစု လက်နက်ကိုင် ပူးပေါင်း အဖွဲ့တွေက ဟီးတ်မြို့ ကို IS တွေ လက်ထဲ ကနေ ပြီးခဲ့တဲ့ လက သိမ်းယူ ထားတာ ဖြစ်ပါတယ်။