ချာ့ဒ် သမ္မတဟောင်း ထောင်ဒဏ် တစ်သက်ကျ

habre_senegal ဓာတ်ပုံ မူပိုင် AFP
Image caption လူပေါင်း ၄ သောင်းကို သတ်ဖြတ်ဖို့ အမိန့်ထုတ် ခဲ့။

အာဖရိက ဗဟို မြောက်ပိုင်း ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်တဲ့ ချာ့ဒ် နိုင်ငံက သမ္မတဟောင်း ဟီဆဲန် ဟာဘရေးကို လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့မှုနဲ့ ထောင်ဒဏ် တစ်သက် ချမှတ် လိုက်နိုင်တဲ့ အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆို ခဲ့ကြ ပါတယ်။

အာဖရိက နိုင်ငံများ သမဂ္ဂ ရဲ့ ကျောထောက် နောက်ခံနဲ့ ခုံရုံး တစ်ခုကို ဆီနီဂေါ နိုင်ငံမှာ ဖွင့်လှစ်ပြီး ဟီဆဲန် ဟာဘရေး အမှုကို ကြားနာ စီရင် ခဲ့ကြတာ ဖြစ်ပါတယ်။

မစ္စတာ ဟာဘရေးဟာ တိုင်းပြည် အာဏာကို ၈ နှစ်တာ ရယူ ထားစဉ် ၁၉၈၀ ပြည့်နှစ်တွေ အတွင်း လူပေါင်း ၄ သောင်းကို သတ်ဖြတ်ဖို့ အမိန့်ထုတ် ခဲ့တယ် ဆိုပြီး အဲဒီ့ ခုံရုံးက ဆုံးဖြတ် နိုင်ခဲ့ပါတယ်။

ဇနီးသည် ဖြစ်သူ ဖာတင်မ် ရေမွန် ဟာဘရီကတော့ ဒီ စီရင်ချက်ဟာ ဥပဒေနဲ့ မညီသလို တရားမျှတမှုလည်း မရှိဘူး ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ