ဖလူဂျာထဲ ပိတ်မိနေတဲ့ အရပ်သားတွေကို ငဲ့နေရတယ်လို့ အီရတ် စစ်တပ်ပြော

_fallujah_fighting
Image caption အရပ်သားတွေ ထိခိုက်မှာ စိုးရိမ်ရ။

အီရတ် နိုင်ငံ ဖလူဂျာ မြို့က လာတဲ့ နောက်ဆုံး သတင်းတွေ အရ အစိုးရတပ်က မြို့ကို သိမ်းယူနိုင်ဖို့ ဆက်လက် တိုက်ခိုက် နေပေမယ့်၊ မြို့ထဲ ပိတ်မိနေတဲ့ အရပ်သားတွေ ထိခိုက်မှာ စိုးရိမ် နေတယ် ဆိုပြီး အီရတ် စစ်တပ် အရာရှိတွေက ပြောပါတယ်။

ဒါ့အပြင် မြို့ နေရာ အနှံ့ IS တွေက ဗုံးတွေ ထောင်ထား နိုင်တယ်လို့လည်း ယူဆ နေကြပါတယ်။

အစောပိုင်းက သတင်းတွေအရ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ ကလည်း အီရတ် အစိုးရတပ်ရဲ့ ထိုးစစ်ကို အပြင်းအထန် ခုခံ နေကြတာမှာ ဖလူဂျာ မြို့ရဲ့ တောင်ဘက်ပိုင်း ဆင်ခြေဖုံး နေရာတွေမှာ ဆိုရင် IS တွေက အသေခံ ဗုံးခွဲ နေတယ်လို့ ဆိုပါတယ်။

ရှိသမျှ အင်အားကို အလုံးအရင်းနဲ့ သုံးစွဲပြီး ဖလူဂျာ မြို့သိမ်းစစ် ဆင်နွှဲနေတာ ဖြစ်တယ်လို့ အီရတ် အစိုးရ တပ်ဘက် ကလည်း ပြောထားပါတယ်။

ဒီ အခြေအနေ တွေ မှာပဲ၊ အစိုးရတပ်တွေဟာ မြို့ရဲ့ အချက်အခြာ အယ်လ်-ရှုဟာဒါ ရပ်ကွက် ဘက်ကို ပိုပြီး တိုးလာနိုင်တယ် လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ