ပြင်သစ် ဆန္ဒပြမှုမှာ အလုပ်သမား သမဂ္ဂ ဝင်ညှိဖို့ ဝန်ကြီးတွေပြော

  • 31 မေ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption CGT အလုပ်သမား သမဂ္ဂ ဝင်ညှိဖို့ သယ်ယူပို့ဆောင်ရေးနဲ့ အလုပ်သမား ဝန်ကြီးတွေ တိုက်တွန်း

ပြင်သစ်နိုင်ငံမှာ အလုပ်သမားဥပဒေတွေ ပြင်ဆင်ရေးဆွဲတာနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြနေမှုတွေကို CGT အလုပ်သမား သမဂ္ဂက ညှိနှိုင်း ပေးဖို့ ပြင်သစ် အစိုးရ အဖွဲ့ဝင် နှစ်ဉီးက တိုက်တွန်းလိုက်ပါတယ်။

ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် ပြင်သစ်တနိုင်ငံလုံး အသွားအလာတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ရပါတယ်။

CGT အလုပ်သမား သမဂ္ဂက တွေ့ဆုံ ဆွေးနွေးဖို့ အသင့် ရှိနိုင်တယ်ဆိုတဲ့ လက္ခဏာတွေ ထွက်ပေါ်လာခဲ့အပြီးမှာ သယ်ယူပို့ဆောင်ရေးနဲ့ အလုပ်သမား ဝန်ကြီးတွေက အခုလို တိုက်တွန်းလိုက်တာပါ။

အလုပ်သမားတွေကို အလွယ်တကူ ငှားရမ်း၊ အလွယ်တကူ အလုပ်ထုတ်ပစ်နိုင်ခွင့် ရှိလာမယ့် အလုပ်သမား ဥပဒေသစ်တွေကို ပြန်ရုတ်သိမ်းပေးဖို့ကို သမ္မတ Hollandeက အစောပိုင်းက ထပ်မံ ငြင်းဆိုလိုက်ပါတယ်။

လေကြောင်း အချက်ပြ ထိန်းချုပ် ဝန်ထမ်းတွေနဲ့ ပဲရစ်မြို့ မြေအောက်ရထား ဝန်ထမ်းတွေ က အခုသီတင်းပတ်မှာလည်း နောက်ထပ် ကန့်ကွက် ဆန္ဒပြမှုတွေ ထပ်လုပ်ဖို့ ရှိနေရာမှာ ရထားလမ်း တဝက်လောက် အသွားအလာတွေ ရပ်ဆိုင်းသွားမယ်လို့ ယူဆရပါတယ်။