ဟောင်ကောင် ရဲတွေ ရုံးတင် စစ်ဆေး

  • 1 ဇွန် 2016
 Ken Tsang ဓာတ်ပုံ မူပိုင် HONG KONG CIVIC PARTY
Image caption ရိုက်နှက်ခံရတဲ့ မစ္စတာ Ken Tsang

ဟောင်ကောင်မှာ မနှစ်က ဖြစ်ပွားတဲ့ ဒီမိုကရေစီရေး တောင်းဆို လှုပ်ရှား မှုတွေ အတွင်း ဆန္ဒပြသူ တယောက်ကို ရိုက်နှက်စော်ကားခဲ့မှုနဲ့ ရဲ အရာရှိ ၇ ယောက်ကို ရုံးတင် စစ်ဆေးနေပါတယ်။

လက်ထိပ်ခတ် ဖမ်းဆီးလာတဲ့ မစ္စတာ Ken Tsang ကို ပန်းခြံ တခုရဲ့ မှောင်ရိပ်ကျတဲ့ နေရာမှာ ရဲတွေထိုးကြိတ် ကန်ကျောက်နေတဲ့ပုံတွေ ဗီဒီယိုမှာ ပါလာလို့ ခုလို စစ်ဆေးခံရတာ ဖြစ်ပါတယ်။

ရဲတွေက အပြစ်မရှိကြောင်း ထွက်ဆိုပါတယ်။

တနင်္လာနေ့ကပဲ Ken Tsang ကို အဖမ်းမခံဘဲ ဖီဆန်မှု၊ ရဲကို ရန်ပြုမှုတွေနဲ့ ထောင် ၅ ပတ် ချခဲ့ပါတယ်။

သူကလည်း အမှား မကျူးလွန်ကြောင်း တောက်လျှောက် ငြင်းဆိုခဲ့ပြီး အယူခံဝင်မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ