မစ်ဆူဘီရှီနဲ့ တရုတ် ကျေအေးဖို့ သဘောတူ

  • 1 ဇွန် 2016
mitsubishi ဓာတ်ပုံ မူပိုင် AP
Image caption တရုတ် အလုပ်သမားတွေ အတွက် နစ်နာကြေး ရဖို့ တောင်းဆို

ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန် သတ္တုတွင်းတွေမှာ အဓမ္မ လုပ်အားပေး စေခိုင်းခဲ့တဲ့ တရုတ် အလုပ်သမားတွေ အတွက် နစ်နာကြေး ရဖို့ တောင်းဆိုနေတဲ့ တရုတ် အဖွဲ့တွေနဲ့ မစ်ဆူဘီရှီ ဂျပန် ကုမ္ပဏီကြီးက ကျေအေးဖို့ သဘောတူ လိုက်ပါတယ်။

နစ်နာခဲ့သူ ၃၇ဝဝ ယောက် အတွက် မစ်ဆူဘီရှီ ကုမ္ပဏီက ဒေါ်လာ တသောင်းခွဲစီ ပေးပြီး တောင်းပန်ဖို့ သဘောတူခဲ့ကြတာပါ။

တခြား တရုတ် အလုပ်သမားဟောင်းတွေနဲ့ သူတို့ မိသားစုတွေကို ခြေရာခံ လိုက်ဖို့ အဖွဲ့အစည်း တရပ်ကိုလည်း ထူထောင်ပေးဖို့ ရှိပါတယ်။

သဘောတူညီမှု အသေးစိတ်ကို ဒီကနေ့ ဆက်ပြီး ကြေညာ သွားမှာ ဖြစ်ပါတယ်။

ဘေဂျင်း မြို့မှာ ကျင်းပတဲ့ လက်မှတ် ထိုးပွဲမှာ မစ်ဆူဘီရှီ ဘက်က အကျေအလည် တောင်းပန် ဝန်ချ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင်
Image caption မစ်ဆူဘီရှီ ဘက်က တောင်းပန် ဝန်ချ

၁၉၄ဝ ပြည့်လွန်နှစ် တွေ အတွင်း အလုပ်သမား ရှားပါးမှုကြောင့် တရုတ် လူမျိုး လေးသောင်း လောက်ကို ဂျပန်က ကျောက်မီးသွေး တွင်းတွေမှာ ခေါ်ပြီး စေခိုင်းခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံသား တွေက ဂျပန် ကုမ္ပဏီ တွေ ဆီက လျော်ကြေး ရဖို့ တရုတ် တရားရုံးမှာ လွန်ခဲ့တဲ့ ၂ နှစ်က အမှုဖွင့် တရားစွဲခဲ့တာပါ။

နောက်ပိုင်း တခြား ဂျပန် ဆောက်လုပ်ရေး လုပ်ငန်း ၂ ခုကလည်း နစ်နာသူ တွေကို လျော်ကြေး ပေးဖို့ သဘောတူခဲ့ပါတယ်။

မနှစ်ကလည်း စစ်အတွင်းက အမေရိကန် စစ်အကျဉ်းသား တွေကို အဓမ္မ စေခိုင်းခဲ့မှုနဲ့ မစ်ဆူဘီရှီ ကုမ္ပဏီက တောင်းပန် ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ