UCLA ကျောင်း၀င်းထဲက ပစ်ခတ်မှုအတွင်း လူ နှစ်ယောက် သေဆုံး

  • 1 ဇွန် 2016
ucla_shooting
Image caption သေနတ်သမားဟာ ကျောင်း ပရိဝုဏ်ထဲမှာပဲ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ယူဆ ရပါတယ်။

အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ် မြို့က ကာလီဖိုးနီးယား တက္ကသိုလ် UCLA ကျောင်းဝင်းထဲ ဖြစ်ပေါ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှု အတွင်းလူ နှစ်ယောက် သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ရာ UCLA ရဲ့ အင်ဂျင်နီယာ ဘာသာရပ်သင် ဌာနထဲကို ရဲတပ်ဖွဲ့၀င်တွေ စီးနင်း ဝင်ရောက် သွားခဲ့ကြပြီး အခုအခါ မှာတော့ အခြေအနေ အားလုံးကို ထိန်းချုပ် နိုင်လိုက်ပြီ ဖြစ်တဲ့ အတွက် ဘယ်လို အန္တရာယ်မှ ဆက်လက် ရှိမနေတော့ဘူး လို့ လော့စ်အိန်ဂျယ်လိစ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်သမားဟာ လူတစ်ယောက်ကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ကျောင်းဝင်းထဲ သေနတ်သမား လွတ်မြောက် နေတယ်ဆိုတဲ့ ယူဆချက်နဲ့ ကျောင်းဝင်း တစ်ခုလုံးကို ပိတ်ပြီး အကြီးအကျယ် ရှာဖွေတာတွေ ပြုလုပ် ခဲ့ကြပါတယ်။

UCLA မှာ ကျောင်းတက်နေသူ ၄ သောင်း ၃ ထောင် ရှိပြီး ကျောင်းဝင်းကြီးဟာ ကြီးမား ကျယ်ပြန့် လှပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ