ဂူဂျာရတ် အဓိကရုဏ်း အမှုပြန်စစ်

  • 2 ဇွန် 2016
gujarat riot ဓာတ်ပုံ မူပိုင် AP
Image caption နရိန္ဒရာ မိုဒီ ဂူဂျာရတ် အုပ်ချုပ်နေစဉ် အဓိကရုဏ်း ဖြစ်

အိန္ဒိယ နိုင်ငံ ဂူဂျာရတ် ပြည်နယ်မှာ လွတ်လပ်ရေး ရပြီး နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းမှာ ပါဝင်သူ ၂၄ ယောက်ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီထဲက ၁၁ ယောက်က လူသတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

လူ ၃၆ ယောက်ကိုတော့ ပြန်လွှတ် ပေးခဲ့ပါတယ်။ တနင်္လာနေ့မှာ အမှု စီရင်ချက် ချဖို့ ရှိပါတယ်။

ဒီစွပ်စွဲခံရသူတွေထဲမှာ VHP ဟိန္ဒူ အယူသည်း ဘာသာရေး အုပ်စု က ဒေသခံ ခေါင်းဆောင် တယောက် ပါပါတယ်။

၂ဝဝ၂ ခုနှစ်က ဖြစ်ပွားတဲ့ အဓိကရုဏ်း အတွင်း အာမက်ဒါဘတ် မြို့မှာ ခိုလှုံနေကြတဲ့ မွတ်ဆလင် ၆၉ ယောက် သတ်ဖြတ်ပြီး အလောင်းတွေ မီးရှို့ ခံခဲ့ရပါတယ်။

ဒီအမှုကို ပြန်စစ်ဆေးဖို့ အိန္ဒိယ တရား လွှတ်တော်ချုပ်က အမိန့်ချ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် dasarath desk
Image caption အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီ

အိန္ဒိယက ဟိန္ဒူ အမျိုးသားရေး ဝါဒီ ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီ ဂူဂျာရတ် ပြည်နယ်ကို အုပ်ချုပ်နေစဉ်မှာ ဒီအဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။ ဒီသတ်ဖြတ်မှုတွေကို သူ မသိကျိုးကျွံ ပြုခဲ့တယ် ဆိုတဲ့ စွပ်စွဲမှု တွေကို မစ္စတာ မိုဒီက ပယ်ချ ခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ထင်ရှားတဲ့ မွတ်ဆလင် လွှတ်တော် အမတ်ဟောင်း တယောက် ပါဝင်ပါတယ်။

သူ့ခင်ပွန်းက မစ္စတာ မိုဒီကို အကူအညီတောင်း ပေမယ့် ပေါ်မလာဘူးလို့လည်း အမတ်ရဲ့ ကျန်ရစ်သူ ဇနီးသည်က ပြောပါတယ်။

ဒီအမှု အတွက် မိုဒီကို စစ်ဆေးဖို့ တောင်းဆိုမှု ကိုလည်း အချက်အလက် မလုံလောက်ဘူး ဆိုပြီး ၂ဝ၁၃ မှာ အိန္ဒိယ တရား လွှတ်တော်ချုပ်က ငြင်းဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ