ပဲရစ်မှာ ရေတွေကြီး

  • 3 ဇွန် 2016
 Louvre ဓာတ်ပုံ မူပိုင် 1
Image caption ပဲရစ်က ကမ္ဘာကျော် လုဗ် ပြတိုက်ကြီး

ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော်မှာ စိန်းမြစ်ရေ ကြီးနေလို့ မြစ်ရိုးတလျှောက်မှာ အကာအရံ အတားအဆီးတွေ ချနေရပါတယ်။

နာရီ အနည်းငယ် အတွင်း မြစ်ရေ အမြင့်ဆုံးထိ တက်လာမှာမို့ တံတားတွေလည်း ပိတ်ထားရပါတယ်။

မြစ်ထဲမှာ ကမ္ဘာလှည့် ခရီးသွားတွေ အပျော်စီးတဲ့ သင်္ဘောတွေကိုလည်း ရပ်ထားလိုက်ရပါပြီ။

မီးရထားလမ်း တလမ်းနဲ့ ကားလမ်းတချို့ကိုလည်း ပိတ်ထားပါတယ်။

မြို့လယ်က ကမ္ဘာကျော် လုဗ် ပြတိုက်ကြီးနဲ့ မြူဆီ ဒေါ့ဆေး ပန်းချီ ပြတိုက်တွေ မြေအောက်ခန်းတွေမှာ သိမ်းထားတဲ့ အနုပညာ ပစ္စည်းတွေကိုလည်း ရေလွတ်ရာကို ရွှေ့ပြောင်း ပေးနေရလို့ ပြတိုက်တွေ ပိတ်ထားရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရေကြီးမှု ကို ဂျာမနီ မှာ အဆိုးရွားဆုံး ကြုံတွေ့

ပဲရစ် မြို့ပြင်က နေအိမ် အလုံး နှစ်သောင်း လောက် မှာ လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

ဥရောပ နိုင်ငံတချို့ မှာလည်း ရေကြီးလို့ လူ ၁၁ ယောက် အနည်းဆုံး သေဆုံးပြီး လူထောင်ချီ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

ဒီရေကြီးမှု ကို ဂျာမနီ တောင်ပိုင်းမှာ အဆိုးရွားဆုံး ကြုံတွေ့ ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ