မိုဟာမက်အလီ အတွက် မွေးရပ်မြေမှာ သတိရ အခမ်းအနား ကျင်းပ

  • 4 ဇွန် 2016
_mohamed_ali_ ဓာတ်ပုံ မူပိုင် PA
Image caption မိုဟာမက်ဒ် အလီ ကွယ်လွန် သွားတာကို ကမ္ဘာတဝှမ်း ဝမ်းနည်း စကားတွေ ပြောကြား နေ။

ကွယ်လွန်သူ လက်ဝှေ့ကျော် မိုဟာမက် အလီ အတွက် သတိရ အောင့်မေ့ဖွယ် အခမ်းအနား တစ်ရပ်ကို ကင်တာကီ ပြည်နယ်က သူ့ရဲ့ ဇာတိမြို့ လူဝီဗီးလ် မှာ ကျင်းပ ခဲ့ပါတယ်။

အလီဟာ သူရဲ့ နာမည် ဂုဏ်သတင်း ကျော်ဇောမှုကို အသုံးပြုပြီး ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းရေးနဲ့ သနားကရုဏာ တရားတွေ ထားရှိအပ်တဲ့ သတင်းစကား ဖြန့်ချီခဲ့သူ ဖြစ်တယ်လို့ လူဝီဗီးလ် မြို့တော်ဝန် ဂရက် ဖစ်ရှာက ပြောပါတယ်။

အသက် ၇၄ နှစ် ရှိပြီ ဖြစ်တဲ့ မိုဟာမက် အလီဟာ အရီဇိုးနား ပြည်နယ်မှာ သောကြာနေ့က ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

သူဟာ ဗဟို အာရုံကြော ချို့ယွင်းတဲ့ ရောဂါ တစ်မျိုးဖြစ်တဲ့ ပါကင်ဆန် ရောဂါကို နှစ်ပေါင်း ၃ ကျော် ခံစား ခဲ့ရသူ တစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာ့ လက်ဝှေ့ ကြိုးဝိုင်းကို ဆယ်စုနှစ် များစွာ စိုးမိုး နိုင်ခဲ့တဲ့ အလီဟာ ဟဲဗီးဝိတ် ချန်ပီယံ ဆုကို ၃ ကြိမ်တိုင် ရရှိခဲ့သူ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်နှစ်ကျော်တွေ အတွင်း မိုဟာမက် အလီဟာ အငြင်းပွားဖွယ်ရာ ဖြစ်စေတဲ့ ကိစ္စချင်းရာ မျိုးတွေ ပြောဆို ခဲ့သူ တစ်ဦး ဖြစ်တာမှာ ကပ်စီးယပ်စ် ကလေး ဆိုတဲ့ သူ့ရဲ့ ငယ်နာမည်ကို ကျွန်နာမည် လို့ သမုတ်ရင်း အစ္စလာမ် ဘာသာထဲ ကူးပြောင်း ဝင်ရောက်ခဲ့သလို၊ ဗီယက်နမ် စစ်ပွဲမှာ မပါဝင် နိုင်ဘူး ဆိုပြီးတော့လည်း စစ်မှု မထမ်းမနေရ ဥပဒေကို ငြင်းဆန် ခဲ့သူ ဖြစ်ပါတယ်။

မိုဟာမက်ဒ် အလီ ကွယ်လွန် သွားတာကို ကမ္ဘာတဝှမ်း ဝမ်းနည်း စကားတွေ ပြောကြား နေပါတယ်။

သမ္မတ အိုဘားမားက မိုဟာမက်ဒ် အလီဟာ မှန်ကန်ခြင်းအတွက် တိုက်ခိုက် ခဲ့သူလို့ ပြောဆို ခဲ့သလို၊ ဂန္ထဝင် ဘောလုံး သမားကြီး ပီလီကလည်း မိုဟာမက်ဒ် အလီ ကွယ်လွန် သွားတာဟာ အားကစား လောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အလီရဲ့ သတ္တိနဲ့ စိတ်ဓာတ် ခိုင်မာမှုဟာ အားလုံး အတုယူနိုင်ဖို့ ဆက်လက် ရှိနေဦးမှာ ဖြစ်တယ်လို့ ကင်ညာ သမ္မတ အူဟူရူး ကင်ယတ်တား က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ