ဂန္တဝင် မိုဟာမက် အလီ ကွယ်လွန်

  • 4 ဇွန် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ကားဆီးယက်စ် ကလေး ခေါ် မိုဟာမက် အလီဟာ ကမ္ဘာ့ လက်ဝှေ့ လောကမှာ ဟဲဗီးဝိတ် ချန်ပီယံ ၃ ကြိမ် ဆွတ်ခူး ရရှိ နိုင်ခဲ့

ကမ္ဘာကျော် လက်ဝှေ့သမားကြီး မိုဟာမက် အလီ ဟာ ဇွန်လ ၄ ရက်နေ့ မှာ ကွယ်လွန် ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေး နေ့ က အသက်ရှု လမ်းကြောင်း ဝေဒနာ ခံစား နေရလို့ လက်ဝှေ့ သမားကြီးကို အယ်ရီဇိုးနား ပြည်နယ် ဖီးနစ် မြို့က ဆေးရုံကို တင်ပို့ ကုသ ထားရတာ ဖြစ်ပါတယ်။

ကားဆီးယက်စ် ကလေး ခေါ် မိုဟာမက် အလီဟာ ကမ္ဘာ့ လက်ဝှေ့ လောကမှာ ဟဲဗီးဝိတ် ချန်ပီယံ ၃ ကြိမ် ဆွတ်ခူး ရရှိ နိုင်ခဲ့သူ ဖြစ်ပြီး ၁၉၈၄ ခုနှစ်မှာ လက်ဝှေ့ လောက ကနေ အနားယူ ခဲ့ပါတယ်။

မိုဟာမက် အလီဟာ ပါကင်ဆန် ရောဂါ ဝေဒါနာ ကြောင့် လှုပ်ရှား သွားလာမှု နှေးကွေးပြီး စကားပြော လေး လံတဲ့ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာတွေကို ခံစား ခဲ့ရပြီး အမေရိကန် နိုင်ငံမှာ လူ့အခွင့် အရေး အတွက် လှုပ်ရှား ဆောင်ရွက် ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ