ဝါဆော မြို့တော်မှာ လူတွေ သောင်းနဲ့ချီ ဆန္ဒပြ

  • 4 ဇွန် 2016
poland_protest_
Image caption လက်ရှိ အစိုးရဟာ ဒီမိုကရေစီ နည်းမကျတဲ့ မူဝါဒတွေ ကျင့်သုံး နေတယ် ဆိုပြီး ပိုလန် သမ္မတ နှစ်ဦး အပါအဝင် အတိုက်အခံ တွေက ရှုမြင်နေ။

ပိုလန် နိုင်ငံရဲ့ လက်ရှိ ကွန်ဆာဗေးတစ် အစိုးရကို မြို့တော် ဝါဆောမှာ လူတွေ သောင်းပေါင်း များစွာ ချီတက် လှည့်လည် ဆန္ဒပြ ခဲ့ကြပါတယ်။

ပိုလန် နိုင်ငံမှာ ကွန်မြူနစ် စနစ် ပြိုလဲ ခဲ့တာရဲ့ ၂၇ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ အခုလို ဆန္ဒပြပွဲ ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရဟာ ဒီမိုကရေစီ နည်းမကျတဲ့ မူဝါဒတွေ ကျင့်သုံး နေတယ် ဆိုပြီး ပိုလန် သမ္မတ နှစ်ဦး အပါအဝင် အတိုက်အခံ တွေက ရှုမြင်နေကြတာ ဖြစ်ပါတယ်။

ဒီလို ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ကွန်ဆာဗေးတစ် အစိုးရဟာ တိုင်းပြည်တွင်း လူမှုဖူလုံရေး စီမံကိန်းရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ ကလေး စားရိတ် ထောက်ပံ့ကြေး တိုးမြှင့်ပေးတာ၊ အဖိုး အနှုန်း ချိုချိုနဲ့ အိမ်ယာ စီမံကိန်းတွေ ဖန်တီး ဆောက်လုပ် ပေးတာ နဲ့ မွတ်ဆလင်မ် ရွှေ့ပြောင်း ဝင်ရောက်သူတွေကို လက်ခံဖို့ ငြင်းဆန်တာတွေ ကြောင့် ကောက်ယူကြည့်တဲ့ စစ်တမ်းတွေမှာ လူကြိုက်များ နေတာကို တွေ့နေရတယ်လို့ ဝါဆောမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ