IS ခြေကုပ် ရက်ကာ မြို့ကို အစိုးရတပ်တွေ ဝင်ရောက်

  • 4 ဇွန် 2016
ဓာတ်ပုံ မူပိုင် AP
Image caption IS အဖွဲ့ ထိန်းချုပ်ရာ ရက်ကာ မြို့က ဒေသ တစ်ခုကို ဆီးရီးယား အစိုးရ စစ်တပ်ဟာ ဝင်ရောက် ထိန်းချုပ် နိုင်ခဲ့

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ထိန်းချုပ်ရာ ရက်ကာ မြို့က ဒေသ တစ်ခုကို ဆီးရီးယား အစိုးရ စစ်တပ်ဟာ ဝင်ရောက် ထိန်းချုပ် နိုင်ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံ ထဲက ရက်ကာ မြို့ဟာ IS အဖွဲ့ရဲ့ အဓိက အခြေကုပ် မြို့ ဖြစ်ပြီး အစိုးရ စစ်တပ်ဟာ ရုရှ ရဲ့ လေကြောင်း ပစ်ကူ နဲ့ ရက်ကာ မြို့ အနောက် တောင် ဘက် ကနေ ဝင်ရောက် တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

အစိုးရ တပ်ဖွဲ့ဝင်တွေဟာ ယူဖရေးတီးစ် မြစ်ပေါ်က အရေးကြီးတဲ့ ရေကာတာ ကြီးကို IS အဖွဲ့ထံ ကနေ ပြန်လည် သိမ်းပိုက် နိုင်ဖို့ ကြိုးစားနေကြောင်း ဆီးရီးယား အရေး လှုပ်ရှားသူတွေက ဘီဘီစီကို ပြောပါတယ်။

အမေရိကန် နိုင်ငံက ထောက်ပံ့မှု ပေးထားတဲ့ ကဒ် တပ်ဖွဲ့ တွေနဲ့ အာရပ် လက်နက် ကိုင် အဖွဲ့တွေ ကလည်း ရက်ကာ မြို့ရဲ့ မြောက်ဘက်မှာ IS အဖွဲ့တွေကို ထိုးစစ် ဆင် မှုတွေ ပြုလုပ်နေကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ