တီအန်နန်မင် ရင်ပြင် ကိစ္စ တိုင်ဝမ် မှတ်ချက်ပေး

  • 4 ဇွန် 2016
ဓာတ်ပုံ မူပိုင် AP
Image caption တိုင်ဝမ် သမ္မတ က ထုတ်ဖော်ပြောကြားမှု ကြောင့် ၂ ဖက် ဆက်ဆံရေး ဟာ အခြေအနေ ဆိုး လာနိုင်

တရုတ် နိုင်ငံ အနေနဲ့ နိုင်ငံသားတွေကို လူ့အခွင့်အရေး အပြည့်အဝ ပေးပြီး အတိတ် က ဝေဒနာတွေကို ကုစားသင့်ကြောင်း တိုင်ဝမ် သမ္မတ စိုင်အင်ဝမ်းက ပြောကြား လိုက်ပါတယ်။

တရုတ် နိုင်ငံ တီအန်နန်မင် ရင်ပြင် မှာ လူတွေ အစုလိုက် အပြုံလိုက် အသတ် ခံခဲ့ရတဲ့ ၂၇ နှစ်မြောက် အထိမ်းအမှတ်နေ့မှာ တိုင်ဝမ် သမ္မတ က အခုလို မှတ်ချက် ပေး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ တိုင်ဝမ် ရဲ့ အုပ်ချုပ်သူကို ဒီမိုကရေစီ နည်းလမ်းကျ ရွေးချယ် ထားမှု၊ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေကို ဥပမာ ယူသင့်ကြောင်း ကိုလည်း သမ္မတ စိုင်အင်ဝမ်းက ပြောကြား ခဲ့ပါတယ်။

တရုတ် အစိုးရက မသိကျိုးကျွံ ပြုထား တဲ့ တီအန်နန်မင် ရင်ပြင် ကိစ္စကို တိုင်ဝမ် သမ္မတ က ထုတ်ဖော်ပြောကြားမှု ကြောင့် ၂ ဖက် ဆက်ဆံရေး ဟာ အခြေအနေ ဆိုး လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ