လူ့ကိုယ်အင်္ဂါ တွေကို ဝက်တွေရဲ့ ခန္ဓာထဲ ဖွံ့ဖြိုး ကြီးထွား စေနိုင်ဖို့ ကြိုးစားနေ

  • 5 ဇွန် 2016
human_organs_pig
Image caption ဝက်သန္ဓေသား ဖွံ့ဖြိုး လာတဲ့အခါ လူ ပန်ကရိယ ရရှိလာဖို့ ကြိုးစား နေ။

အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင်တွေဟာ လူ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ဝက်တွေရဲ့ ခန္ဓာကိုယ် အတွင်း ဖွံ့ဖြိုး ကြီးထွား စေနိုင်ဖို့ ကြိုးစား နေကြပါတယ်။

မျိုးရိုးဗီဇ ဆိုင်ရာ တည်းဖြတ်မှု ဆိုပြီး နာမည် ပေးထားတဲ့ နည်းပညာ အသစ်ကို အသုံးချ နေကြတာ ဖြစ်ပါတယ်။

ဝက် သန္ဓေသားထဲ ကနေ ပန်ကရိယ ဆိုတဲ့ အင်္ဂါ အစိတ် အပိုင်း ဖြစ်စေနိုင်တဲ့ DNA ကို ဖယ်ရှားပြီး လူ့ရဲ့ မျိုးရိုးဗီဇ နဲ့ အစားထိုး ခြင်း အားဖြင့် အဲ့ဒီ့ ဝက်သန္ဓေသား ဖွံ့ဖြိုး လာတဲ့အခါ လူ ပန်ကရိယ ရရှိလာဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။

ကာလီဖိုးနီးယား ပြည်နယ် ဒေးဗစ် တက္ကသိုလ်က သူတေသီတွေက အခုလို ကြံဆ နေတာ ဖြစ်ပြီး ရောဂါ ကြောင့် ကိုယ် အင်္ဂါ အစိတ်အပိုင်းတွေ အစားထိုးဖို့ရာ လိုအပ်သမျှ အရေအတွက်ကို ပြည့်မှီအောင် ဖြည့်ဆည်းပေး နိုင်ဖို့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ