အီးယူထဲက ထွက်ရင် ဗြိတိန် စီးပွားရေး ထိခိုက်မယ်လို့ အမေရိကန် ဗဟိုဘဏ် ဥက္ကဌ သတိပေး

_european_union_uk
Image caption ဗြိတိန်ဟာ အီးယူကနေ ထွက်မလား ဆိုတာကို အခုလ နှောင်းပိုင်းကျရင် ပြည်လုံးကျွတ် ဆန္ဒခံယူပြီး ဆုံးဖြတ် ကြတော့မှာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ထဲက နှုတ်ထွက်ဖို့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ မှာသာ ဗြိတိန် ဆုံးဖြတ် လိုက်မယ် ဆိုရင် ဗြိတိန် အနေနဲ့ စီးပွားရေး အရ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကြီးကြီးမားမား ခံရလိမ့်မယ် ဆိုပြီး အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဂျဲနက် ယယ်လင်က သတိပေး လိုက်ပါတယ်။

အီးယူထဲက ထွက်ရေး ဆန္ဒပေး ခဲ့ကြရင်ဖြင့် ဗြိတိန်ထဲ လာရောက် ရင်းနှီး မြှုပ်နှံသူတွေ စိတ်ကို ပြောင်းလဲ သွားစေနိုင်တယ် လို့ မစ္စ ယယ်လင်က ဆိုပါတယ်။

အခုလို အမေရိကန် ဗဟိုဘဏ် ဥက္ကဌ သာမက၊ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး၊ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF ရဲ့ အကြီးအကဲ နဲ့ အင်္ဂလန် ဗဟိုဘဏ် ဥက္ကဌ စသူတွေ အပါအဝင် ဘောဂဗေဒပိုင်း နယ်ပယ်မှာ ဩဇာကြီး ထင်ရှားသူ တော်တော်များများ ကလည်း အလားတူ သတိပေး နေကြပါတယ်။

ဗြိတိန်ဟာ အီးယူကနေ ထွက်မလား ဆိုတာကို အခုလ နှောင်းပိုင်းကျရင် ပြည်လုံးကျွတ် ဆန္ဒခံယူပြီး ဆုံးဖြတ် ကြတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ