မက် ဇူကာဘက် ရဲ့ အခြား လူမှုကွန်ယက် အကောင့်တွေ တိုက်ခိုက်ခံရ

  • 6 ဇွန် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption Instagram, Twitter, Linkedln နဲ့ Pinterest မှာ ဖွင့်ထားတဲ့ အကောင့်တွေကို ဇွန်လ ၅ ရက်နေ့(တနင်္ဂနွေနေ့)မှာ ဟက်ကာ အချို့က ရယူ ခဲ့

ကမ္ဘာကျော် လူမှုကွန်ယက်ကြီး Facebook ရဲ့ပိုင်ရှင် မက် ဇူကာဘက် တစ်ယောက် အင်တာနက် ဟက်ကာ တွေရဲ့ ဒဏ်ကို ခံခဲ့ရပါတယ်။

ဇူကာဘက် ရဲ့ Instagram, Twitter, Linkedln နဲ့ Pinterest မှာ ဖွင့်ထားတဲ့ အကောင့်တွေကို ဇွန်လ ၅ ရက်နေ့(တနင်္ဂနွေနေ့)မှာ ဟက်ကာ အချို့က ရယူ ခဲ့တယ်လို့ ဆိုပါတယ်။

Image caption Engadget အဖွဲ့ က အခုလို screenshot ရယူ ထားခဲ့ပါတယ်။

မက် ဇူကာဘတ် ရဲ့ အကောင့်တွေကို ရယူ ခဲ့တယ်လို့ အင်တာနက် ဟက်ကာ အဖွဲ့ တစ်ခု ဖြစ်တဲ့ Ourmine က ထုတ်ဖော် ပြောကြား ပါတယ်။

Ourmine အဖွဲ့ရဲ့ Twitter မှာ Follower ပေါင်း လေးသောင်းကျော် ရှိပြီး သူတို့ရဲ့ @_Our_Mine အကောင့်ကို Twitter က ရပ်ဆိုင်း ခဲ့ပါတယ်။

Ourmine အဖွဲ့ဟာ twitter ကနေ တဆင့် မက် ဇူကာဘက်ကို သူတို့ အဖွဲ့ နဲ့ ဆက်သွယ်ဖို့ စာရေးသား ခဲ့ပါတယ်။

မက် ဇူကာဘက် ရဲ့ twitter အကောင့်မှာ Ourmine အဖွဲ့က တင်ခဲ့တဲ့ အချက် အလက်တွေကို twitter က ဖျက်ပြစ် ခဲ့ပါတယ်။

Facebook က ပိုင်ဆိုင်တဲ့ ဓါတ်ပုံ လူမှုကွန်ယက် instagram က မက် ဇူကာဘက်ရဲ့ အကောင့် တကယ် ဟက် ခံ ခဲ့ရသလား ဆိုတာ အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိ မက် ဇူကာဘက် ရဲ့ Instagram မှာ ဓါတ်ပုံ ၃၀ ခန့် တင်ထားပြီး follower ပေါင်း ခြောက်သိန်းကျော် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ