ပိုလန်မှာ အနောက်အုပ်စု စစ်ရေး အကြီးအကျယ် လေ့ကျင့်

poland_military_exercise
Image caption ပိုလန်မှာ ပြုလုပ်ဖူး သမျှ စစ်ရေး လေ့ကျင့်မှု တွေထဲ အကြီးမားဆုံး ဖြစ်ပါတယ်။

နေးတိုး စာချုပ် အဖွဲ့ဝင် နိုင်ငံတွေနဲ့ တခြား မဟာမိတ် နိုင်ငံတွေ ပါဝင်တဲ့ စစ်ရေး လေ့ကျင့်မှု ပိုလန် နိုင်ငံမှာ စတင် ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ စစ်ရေး လေ့ကျင့်မှုထဲ တပ်ဖွဲ့ဝင် အင်အားပေါင်း သုံးသောင်းကျော် ပါဝင် နေပြီး ဒါဟာ ပိုလန်မှာ ပြုလုပ်ဖူး သမျှ စစ်ရေး လေ့ကျင့်မှုတွေထဲ အကြီးမားဆုံး ဖြစ်ပါတယ်။

အပြင်လောက မှာ ကြုံတွေ့ နိုင်တဲ့ ခြိမ်းခြောက်မှု တွေကို ဘယ်လို တုံ့ပြန် မလဲ ဆိုတာကိုသာ မက ၊ ဆိုင်ဘာ တိုက်ခိုက်မှု တွေကိုပါ နေးတိုး အနေနဲ့ ကိုင်တွယ် နိုင် စွမ်းရည် ဘယ်လောက် ရှိသလဲ ဆိုတာကို အခု စစ်ရေး လေ့ကျင့်မှုတွေ ကနေ ဆန်းစစ် ကြမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က ခရိုင်းမီးယား မှာ ရုရှားက စစ်ရေး ဆောင်ရွက်ချက် တွေ ပြုလုပ် ခဲ့တဲ့ နောက်ပိုင်း ပိုလန် အပါအဝင် အရှေ့ ဥရောပ နိုင်ငံတွေ အနေနဲ့ အခုလို စစ်ရေး လေ့ကျင့်မှုတွေကို အိမ်ရှင် အဖြစ် လက်ခံ ပြုလုပ်ခြင်း အားဖြင့် တိုင်းပြည်ရဲ့ လုံခြုံရေးကို ပိုမို ခိုင်မာ နေစေတာ ဖြစ်တယ်လို့ ပိုလန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နောက် တစ်လ ဆိုရင်လည်း နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးကို ပိုလန် နိုင်ငံ မြို့တော် ဝါဆောမှာ ပြုလုပ်ဖို့ စီစဉ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ